images
UN
UN
အလုပ်ထုတ်နစ်နာကြေးပေးရာတွင် ဥပဒေပါအတိုင်း နောက်ဆုံးလစာနှင့်မပေးဘဲအနည်းဆုံးလုပ်ခလစာကျပ်ဖြင့်ပေးချေမှု များရှိနေ
အေးချမ်းပိုပို Tuesday, 30 June 2020
အလုပ်သမားများကို အလုပ်ရှင်များဘက်မှ အလုပ်မှရပ်စဲသည့်အခါ ပေးလျော်ရမည့်နစ်နာ ကြေးနှုန်းထား ၈၄/၂ဝ၁၅အမိန့် ကြော်ငြာချက်အရ နောက်ဆုံးထုတ်လစာနှင့်ပေးချေရမည်ဖြစ်သော် လည်း လုပ်ငန်းရှင်များဘက်မှ အနည်းဆုံးလုပ်ခ လစာကျပ် ၄၈ဝဝဖြင့်သာ ပေးချေမှုများရှိနေ ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS)အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်း အောင်က ယမန်နေ့ကပြောသည်။
''အလုပ်ရပ်နားတာအလုပ်သမားဦးရေလျှော့ချ တာတွေလုပ်တဲ့အခါမှာ ဥပဒေနဲ့အညီ လုပ်စေချင် ပါတယ်။ အခု နောက်ပိုင်းမှာ ဒီကိစ္စက တော်တော် များများဖြစ်နေကြတာပါ။ ဒီ COVID-19 ကာလ အတွင်းမှာအားလုံးနီးပါးဖြစ်နေတာပါ။ ဒီဥပဒေနဲ့ အညီမဖြစ်တဲ့ကိစ္စတွေကို ဥပဒေနဲ့အညီ လုပ်ဆောင် ပေးဖို့တိုက်တွန်းချင်ပါတယ်''ဟု ၄င်းက ဆက် လက်ပြောဆိုသည်။
COVID-19 ကာလအတွင်း စက်ရုံများက လူအင်အားလျှော့ခြင်း၊ စက်ရုံပိတ်သိမ်းခြင်းများ ပြုလုပ်လျက်ရှိရာ အလုပ်သမားများသို့ လျော်ကြေး ပေးရာတွင်ဥပဒေပါအတိုင်းနောက်ဆုံးလစာနှင့် မပေးဘဲ အနည်းဆုံးလုပ်ခလစာ ငွေကျပ် ၄၈ဝဝ ဖြင့်လျော်ကြေးပေးမှုများရှိနေကြောင်း၊ အဆိုပါ ကာလအတွင်းအလုပ်လက်မဲ့ဖြစ်သွားသည့်အလုပ် သမားနှစ်သိန်းကျော်ရှိပြီး စက်ရုံ နှစ်ရာဝန်းကျင် ခန့်တွင်လူအင်အားလျှော့ချခြင်း၊ စက်ရုံပိတ်သိမ်း ခြင်းများလည်းရှိကြောင်း သိရသည်။