images
UN
UN
ဝိုင်းမော်မြို့တွင် ဘိန်းစိမ်းဂရမ် ၁၂ဝ ဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Tuesday, 30 June 2020

ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ်အတွင်း ယမန်နေ့ မွန်းလွဲပိုင်း က ဝိုင်းမော်-ဆဒုံးသွား ကားလမ်း တွင်ဆိုင်ကယ်နှင့်လာသူအမျိုးသား တစ်ဦးထံမှ ငွေကျပ် ၁၈ဝဝဝဝရှိ ဘိန်းစိမ်း အလေးချိန် ဂရမ် ၁၂ဝ ကို ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း ဝိုင်း မော်မြို့မရဲတပ်ဖွဲ့စခန်းမှသိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် မွန်းလွဲပိုင်းက ဝိုင်းမော်မြို့နယ် ဝိုင်းမော်-ဆဒုံးသွားကားလမ်း ၁၃ ကီလိုမီတာပူးပေါင်းစစ်ဆေးရေး ဂိတ်တွင်ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်း မှ ဒုရဲအုပ်ရန်နိုင်ထွန်း ဦးဆောင် သည့်ရဲတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ အသီးသီးမှပူးပေါင်းအဖွဲ့ဝင်များ က မော်တော်ယာဉ်နှင့်ဆိုင်ကယ် များကို ရှောင်တခင်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ရာ ဆဒုံးမြို့မှ ဝိုင်းမော်မြို့သို့ ကန်ဘိုအမျိုးအစား ဆိုင်ကယ်အားမောင်းနှင်လာသူ ငွါးလူး(၂၉နှစ်)အား ရပ်တန့်စစ် ဆေးရှာဖွေရာမှ ၄င်းဝတ်ဆင်ထား သည့် မီးခိုးရောင်လက်ရှည် မိုးကာ အင်္ကျီအိတ်ကပ်အတွင်းမြှ<ွကပ်ြ<ွကပ် အိတ်အဖြူရောင်ဖြင့် ထည့်လျက် ကာလတန်ဖိုးငွေကျပ် ၁၈ဝဝဝဝ ရှိ ဘိန်းစိမ်း အလေးချိန် ဂရမ် ၁၂ဝ ကိုရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေး ဝါးနှင့်အတူတွေ့ရှိသည့် ငွါးလူး ဝိုင်းမော်မြို့နေသူအား ဝိုင်းမော်မြို့မ ရဲတပ်ဖွဲ့စခန်းမှ မယ(ပ)၁၄၈/ ၂ဝ၂ဝ၊မူး/စိတ်ပုဒ်မ ၁၉ (က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။