images
UN
UN
ဒလတံတားလုပ်ငန်းခွင်မှ ရန်ကုန်မြစ်အတွင်းသို့ ပြုတ်ကျသွားသူကို ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်နေ
မောင်ယဉ်ဦး(ဒလ) Tuesday, 30 June 2020
ကိုရီးယား-မြန်မာချစ်ကြည် ရေး (ဒလတံတား)ရန်ကုန်မြစ်ကူး တံတားတည်ဆောက်ရေးလုပ်ငန်း ခွင်မှ ရန်ကုန်မြစ်အတွင်း ပြုတ် ကျသွားသူအား ဒလမြို့နယ် ကြက် ခြေနီအဖွဲ့မှ မြစ်အတွင်းရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်းသို့ပြုတ်ကျ သွားသူမှာ တရုတ်နိုင်ငံသားဖြစ်ပြီး လက်ထောက်မန်နေဂျာအလုပ် သမားခေါင်းဆောင်
ZHAN JIAN- GNAN ဆိုသူဖြစ်ပြီး အသက်(၃၅ နှစ်) အရွယ်ဖြစ်ကြောင်းသိရသည်။
အဆိုပါပုဂ္ဂိုလ်သည် ဒလ ဘက်ခြမ်းပင်မရေလယ်တိုင်အတွက် ဘိုးလ်ပိုင်လုပ်ငန်းများ ဆောင်ရွက် နေစဉ် လုပ်ငန်းခွင်ရှိ အလုပ်လုပ်နေ သောအလုပ်သမားတစ်ဦးအား သွားရောက် စစ်ဆေးကြည့်ရှုရင်း လုပ်ငန်းခွင်ရှိ အပေါက်ထဲသို့ ခြေချော်၍ ပြုတ်ကျခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ) တံတား တည်ဆောက်ရာတွင် ရေလယ် တိုင်များစိုက်ထူရာ၌ နေ့ဆိုင်း ညဆိုင်းဖြင့်ဆောင်ရွက်နေခြင်းဖြစ် ပြီး ဇွန် ၂၈ရက် ည ၈နာရီ မိနစ် ၄ဝတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေထဲသို့ပြုတ်ကျရာတွင် အနီး ရှိ အလုပ်သမားတစ်ဦးဖြစ်သူ ဦးကျော်ကျော်ကတွေ့ရှိ၍ (CCE- CC) တရုတ်ကုမ္ပဏီလုံခြုံရေး တာဝန်ခံ ဒေါ်သီရိဂျွန်ထံအကြောင်း ကြားခဲ့ကြောင်းနှင့်မြန်မာနိုင်ငံရေ ကြောင်းရဲတပ်ဖွဲ့၊ တံတားတည် ဆောက်ရေးလုံခြုံရေးအဖွဲ့၊ လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မြို့ နယ်မီးသတ်တပ်ဖွဲ့တို့က ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားသည့်နေ့ ည ၁၂ နာရီ အထိနှင့် ယမန်နေ့တွင်လည်း ည ၉နာရီအထိ စက်လှေရှစ်စင်းဖြင့်ရှာ ဖွေခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ အဖွဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးကို ကိုနိုင်ကပြောသည်။ရှာဖွေရေးလုပ် ငန်းကို ယနေ့တွင် ဆက်လက်ပြု လုပ်သွားမည်ဖြစ်ပြီး ဗိုလ်တထောင် ဘက်သို့အဓိကထားရှာဖွေသွားမည် ဟုသိရသည်။