images
UN
UN
Covid-19 ကာလ ညမထွက်ရအမိန့်ဖြင့် စည်းကမ်းဖောက်ဖျက်သူ ၁ဝဝကျော်အား အရေးယူ
မိုဃ်းကျ(မြစ်ကြီးနား) Tuesday, 30 June 2020
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ်အတွင်း Covid-19 ရောဂါ ဖြစ်ပွားစဉ်ကာလညမထွက်ရအမိန့် အား သတ်မှတ်အချိန်များအလိုက် ထုတ်ပြန်ခဲ့ရာမှ မြစ်ကြီးနားမြို့ပေါ် တွင် စည်းကမ်းဖောက်ဖျက်သူ ၁ဝဝ ကျော်အား အရေးယူနိုင်ခဲ့ ကြောင်း မြစ်ကြီးနားမြို့ နယ်အုပ် ချုပ်ရေးမှူး ဦးသန်းဝင်းထံမှ သိရ သည်။
''ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်မှာနိုင်ငံတော်အစိုးရကသတ် မှတ်ထားတဲ့အတိုင်း Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ဧပြီ ၁၈ ရက်ကနေ ယနေ့အထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ပြီး ခရိုင်နဲ့ မြို့နယ်ရဲတပ် ဖွဲ့မှူးတွေဦးဆောင်ကာ ညလှည့် ကင်းတွေ ကွင်းဆင်းဆောင်ရွက်ရာ မှာ ယနေ့အထိ စည်းကမ်းဖောက် ဖျက်သူ ၁ဝဝကျော်ကို ဖမ်းဆီး အပြစ်ပေးအရေးယူနိုင်ခဲ့ပါတယ်။ အစဖမ်းမိတဲ့၂၂ဦးကိုတော့ ငွေ ဒဏ်ကျပ် ၅ဝဝဝဝစီ ချမှတ်အပြစ် ပေးခဲ့တာပါ။ နောက်ပိုင်းအပြစ် ဒဏ်ပေါ့လျော့တယ်လို့ ယူဆရလို့ စည်းကမ်းဖောက်ဖျက်သူတွေကို အလုပ်နဲ့ထောင်ဒဏ်တစ်လ ပြစ် ဒဏ်တွေပေးခဲ့ပါတယ်''ဟုဦးသန်း ဝင်းကပြောကြားသည်။
နိုင်ငံတော်အစိုးရကသတ်မှတ် ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်ကို တိကျစွာ လိုက်နာမှုရှိ စေရေးအတွက် မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးစိုးမြင့် အောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်မိုးတို့ကြီးကြပ်ကာ မြို့ပေါ် ရပ်ကွက်အတွင်းနေ့/ညသတ်မှတ် အချိန်များတွင် လှည့်ကင်း၊ ပတ် ကင်းနှင့် ဝတ်ကင်းများဆောင် ရွက်လျက်ရှိပြီး ညမထွက်ရအမိန့် စည်းကမ်းသတ်မှတ်ချက်ထုတ် ပြန်ထားသော်လည်း ကျန်းမာရေး ဆိုင်ရာကိစ္စရပ်နှင့် ကိုယ်ရေးကိုယ် တာ ညမထွက်လျှင်မဖြစ်သွားလာ ရသည့် အကြောင်းကြီး ငယ်ကိစ္စ ရပ်များတွင် ရဲတပ်ဖွဲ့ဝင်များ ကိုယ် တိုင်လိုက်ပါကူညီဆောင်ရွက်ပေး ခဲ့ပြီးစည်းကမ်းဖောက် ဖျက်ကျူး လွန်သူများကိုဥပဒေအရ အရေးယူ နိုင်ရေး ဖမ်းဆီးခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။