images
UN
UN
အနုပညာသမားမိားအတွက် အဓိကထား ကြုလုပ်မည့် Smile Online Cinema Appမှာတည်ထောင်မည့် စမိုင်းလ်
ဒဂုံဝေလင်း Tuesday, 30 June 2020
မင်းသမီးကြီး ဒေါ်ခင်လေးဆွေ ၏ မြေးလည်းဖြစ်သလို ၊ သရုပ်ဆောင် လောကကို မော်ဒယ်တစ်ယောက်အဖြစ် နှင့် ဝင်ရောင်ခဲ့သူ စမိုင်းလ် တစ်ယောက် မကြာခင် Smile Online Cinema Application တစ်ခုထောင်သွားမည်အကြောင်းများ နှင့် စပ်လျဉ်း၍ ယခုလိုအေးမြန်းခဲ့သည်။

မေး - အစ်မတို့ဇာတ်ကားတွေကို ရုံတင်ပြသမှုတွေ မလုပ်ပဲ Application က ပြသမယ့်အကြောင်းလေး ပြောပါဦး။

စမိုင်းလ်တို့က ဇာတ်ကားတွေက ရုံတန်းစီစနစ်နဲ့ စီထားတယ်။ ကိုယ့်က နာမည်ကြီး ပရိုဂျူဆာလည်း မ ဟုတ်ဘူး။ခုမှ စရိုက်ကူးမှုတွေလုပ်တဲ့ ပရိုဂျူဆာလည်း ဖြစ်တဲ့အတွက် တန်းစီရတာ အရမ်းကြာတယ်။ကိုဗစ် ဖြစ်သွားလို့ ရုံတွေ ပိတ်သွားချိန်မှာ ကားတွေပိုကြပ်သွားမယ်။ ကိုယ်တစ်ယောက်ထဲ ရုံတန်းစီစောင့်နေတဲ့ ပရို ဂျူဆာ အသစ်လေးတွေလည်း အများကြီးရှိကြမယ်လို့ စဉ်းစားမိလိုက်တယ်။ ကိုယ့်ကားကို ကိုယ်တိုင်ရုံ တင် မယ် ဘယ်လောက်ပဲရရပါ။ပရိသတ်တွေ ကြည့်လို့ရမယ်။တစ်ခါကြည့်ဘယ်လောက်ဆိုတဲ့ Application ဆိုတဲ့ တန်ဖိုးသတ်မှတ်ပြီတင်မယ်။ ဒီအနုပညာလောကမှာရှိနေတဲ့ သူတွေရဲ့ ဇာတ်ကားတွေကို တန်စီးမစောင့်နိုင်လို့ App မှာတင်ချင်တယ်ဆိုရင်အားလုံးကို အခကြေးငွေမယူပဲ Free တင်ပေးမယ်။ တင်ချင်တဲ့သူ တင်လို့ရအောင် စမိုင်း လ်တို့ တစ်ဖက်တလမ်းက ကူညီပေးမယ်လို့ စဉ်းစားထားပါတယ်။စမိုင်းလ်တို့ရဲ့ ဇာတ်ကားတွေလည်း Appက ပဲတင်လိုက် တော့မယ်လို့ဆုံးဖြတ်ထားပါတယ်။

မေး - Application ရဲ့နာမည်ကရော။

Smile Online Cinema ဆိုပြီးတော့ နာမည်ပေးထားပါတယ်။ ဒီနှစ်ထဲမှာပဲ ဒီလုပ်ငန်းကို စမှာပါ။ pay par view ပုံစံ ရုံတင်သလို တစ်ကားချင်းဆီတင်မယ်။ ဈေးနှုန်းကတော့ သတ်မှတ်ပေးဖို့ လုပ်နေပါတယ်။ ဈေး နှုန်း သက်သက်သာသာနဲ့ ကြည့်နိုင်အောင် စီစဉ်နေပါတယ်။
မေး - ရုပ်ရှင်ဇာတ်ကားပဲ တင်ခွင့်ပေးတာလား
ဘယ်လိုစီစဉ်ထားသေးလဲ။


ရုပ်ရှင် ဇာတ်ကားမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတိုလေးတွေ ရိုက်ထားပြီးတော့ MNTV ကလည်း မလွယ် တခြားနေရာတွေကလည်း မ၀ယ်ဖြစ်နေတာလည်းရှိလို့ အကူအညီတောင်းထားတဲ့ သူတွေလည်း ရှိနေတယ်။ အကုန်လုံးကို စမိုင်းလ်တင်ပေးမယ် ကိုယ့်ကိုလည်း တပြားမှပေးစရာမလိုဘူး။ သူတို့ကို ကြိုပြောထားတာပါ။ ကြိုက်သလို ရောင်းလို့လည်း ပြောထားပါတယ်။ပရဟိတ ပလပ်ဖောင်းတစ်ခုအနေနဲ့ ဒီ App ကို ဖန်တီးပေး ဖြစ်တာပါ။ကိုယ့်လိုမျိုး ဒုက္ခရောက်နေတဲ့ ပရိုဂျူဆာတွေလည်း အများကြီးရှိတယ် သူတို့တွေကိုလည်း စေတနာ နဲ့လုပ်ပေးတာပါ။
မေး - အစ်မဇာတ်ကားတွေကို ရုံတင်ခွင့်မရလို့ စိတ်ညစ်ဝမ်းနည်းမိတာရော ရှိမလား။
အရင်တုန်းကဆိုရင်တော့ ရုံတင်ခွင့်ရတဲ့အထိ စောင့်မှာပေါ့။ ခုလိုချိန်မှာ စိတ်ညစ်ပြီးဝမ်းနည်းတာတွေ လည်း မရှိဘူး။ ရုံရှင်ရုံမှာ ကြည့်မှ ရုပ်ရှင်လည်း မဟုတ်တော့ဘူး။အကုန်လုံးလည်း ဖုန်းနေသုံးနေတာပဲဆိုတော့ ဖုန်းနဲ့ကြည့်လို့ရနေပြီ။ ဘယ်သူမဆို ပိတ်ကားကြီးတော့ ပြသချင်တာပေါ့ မရနိုင်တော့လည်း ရပါတယ်။

မေး - ကိုဗစ်အလွန် ရုပ်ရှင်လောကအတွက် ဘယ်လိုအခြေအနေတွေ ဆက်ဖြစ်နိုင်မယ်လို့ ထင်မိလဲ။

ရုပ်ရှင်လောက ရုံတွေဇာတ်ကားတွေ တင်လို့ရဦးရင်တောင် ရုံတွေလူပြည့်ဖို့ဆိုတာ တော်တော် အချိန် ယူရမယ်။ရုံတွေလာကြည့်တာက ပြည်သူတွေပဲလာကြည့်ကြတာဖြစ်တယ်။ဒီပြည်သူတွေက အခုဟာအဆင်မ ပြေဖြစ်နေတယ်။ သူတို့အဆင်ပြေနေတဲ့ အချိန်မှာတောင် တစ်လမှာ ရုပ်ရှင်ကြည့်နိုင်ရင် ၂ကားပေါ့။ခုချိန်မှာ လူ တိုင်းက တိုက်ပွဲဝင်နေတဲ့ အချိန်ဆိုတော့ အစ်မတို့လို Appလုပ်တော့ ဈေးပေါပေါနဲ့လည်း ဇာတ်ကားကောင်း တွေ ကြည့်ရမယ်လို့မျှော်လင့်တာပေါ့။

မေး - ရုပ်ရှင်လောကသားတွေအတွက် ဘာတွေဆက်လုပ်ပေးဖို့ရှိဦးမလဲ။

အလုပ်မလုပ်ရပဲ ထိုင်နေတဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေ ကိုလူချောအဖွဲ့တွေ အများကြီးရှိကြတယ် ။ သူတို့ လုပ်အားလေးနဲ့ လုပ်ရတော့ သူတို့လည်း စိတ်ချမ်းသာတာပေါ့။ဇာတ်လမ်းတို၊ ဗီဒီယိုတွေ တင်ပေးရင်လည်း သူ တို့ကို တဖက်တလမ်းက ကူညီရာရောက်မယ် ထင်ပါတယ်။ ပိုက်ဆံပေးတာထက်စာရင် အနုပညာသမားတွေ က အနုပညာအလုပ်ကို ပိုကျေနပ်တာလေ။သူတို့ အနုပညာတွေကို ချပြနိုင်အောင် ဒီ Platform တစ်ခုစီစဉ်ပေး တာပါ။