images
UN
UN
JOOX Live မကြည့်လိုက်ရသည့် ပရိသတ်များအတွက် Mr.Busy သီချင်းအွန်လိုင်းမှတင်ပေးထားသည့် အိမ့်ချစ်
ဒဂုံဝေလင်း Tuesday, 30 June 2020
World Music Day အထိမ်း အမှတ် JOOX Live မကြည့်လိုက် ရသည့် ပရိသတ်များအတွက် အိမ့် ချစ်၏ ဒုတိယမြောက်တစ်ကိုယ် တော်ခွေထဲမှ Mr.Busy သီချင်း တစ်ပုဒ်ကို သူမ၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် Live တင်ပေး ထားကြောင်းသိရသည်။
''အိမ့်ချစ် ဆိုလေ့ဆိုထမရှိတဲ့ ဒုတိယမြောက်တစ်ကိုယ်တော်ခွေ ထဲက Mr.Busy သီချင်းကိုပရိသတ် အတွက်မနေ့ကမကြည့်လိုက်ရတဲ့ သူတွေလည်းရှိကြမယ်။World Music Day အထိမ်းအမှတ်ကနေ တင်ထားကို တချို့ပရိသတ်တွေ မသိကြတာလည်း ရှိပါတယ်။ ဒါကြောင့်အိမ့်ချစ် page ကနေ Live ပြန်တင်ပေးဖြစ်တာပါ။ တကယ် လို့ Live ကြည့်ရင်း Gift တွေ အများကြီးပေးပြီး အလှူငွေတွေ လှူဒါန်းပေးခဲ့ကြတဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ဒီအလှူငွေတွေကတော့ Unicef ကို COVID-19 ကာကွယ် တားဆီး ကုသရေးတွေအတွက် လှူဒါန်း မယ့်အလှူငွေတွေပါ''ဟု ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
သူမသည်JOOX World Music Day 2020 ဖျော်ဖြေပွဲဖြစ် သည့် “The Sound of Happiness” Live ထုတ်လွှင့်မှုတွင် ပြည် တွင်းအဆိုတော်များဖြစ်သော ဝေလ၊Big Bag၊ ဖြူဖြူကျော် သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုး ပြည့်စုံ၊ မေနှင့် ချမ်းမြေ့မောင်ချို တို့နှင့်အတူပါဝင်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
JOOX World Music Day 2020 Live ကိုကြည့်ခြင်းဖြင့်1Gift လျှင် ၂ဝကျပ်နှုန်းဖြင့် သတ်မှတ် ထားပြီးပရိသတ်များGiftများများ ပေးပါက အဆိုပါဖျော်ဖြေပွဲကြီးမှ အလှူငွေများကို Unicef ကို COVID-19 ကာကွယ်တားဆီး ကုသရေးအတွက်ပြန်လည်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။