images
UN
UN
အဘိုးတေးရေးစန်းသော်တာ(တက္ကသိုလ်ဖေစန်း)ရဲ့သီချင်းလေးကိုပြန်လည်သီဆိုထားတဲ့ ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်တေး Album မကြာမီထွက်ရှိမယ့်အဆိုတော်မေလသံစဉ်
အဖြူရောင် Tuesday, 30 June 2020
အဘိုး တေးရေးစန်းသော် တာ(တက္ကသိုလ်ဖေစန်း)မူရင်း အဆိုရှင်အဆိုတော်ကြီးဒေါ်မေရှင် ရဲ့တေးသီချင်းများကိုပြန်လည် သီ ဆိုထားတဲ့ပြန်လည်ဆန်းသစ်နှောင်း တစ်ခေတ်တေး Album မကြာမီ ထွက်ရှိတော့မည်ဟု အဆိုတော် မေလသံစဉ်က ပြောခဲ့သည်။
''သီချင်းခွေလေးကတော့ မေလတို့အခုကူးနေပြီပေါ့နော်။ နောက်ထပ်သုံးရက်လောက်နေရင် အခွေကူးတာပြီးပြီဆိုတော့ တစ် ပတ်လောက်နေရင်အခွေကတော့ ထွက်ဖြစ်မယ်လို့ထင်ပါတယ်'' ဟုအဆိုတော်မေလသံစဉ်က ပြော ပြခဲ့သည်။
သီဆိုသည့်တေးသီချင်းတိုင်း ကိုပိုင်နိုင်စွာသီဆိုနိုင်သည့်အပြင် ကိုယ်ပိုင်တေးသီချင်းများကို လည်းဖန်တီးတတ်တဲ့ အဆိုတော် မေလသံစဉ်ရဲ့ တေးသီချင်းတိုင်း ကို ပရိသတ်ကအားပေးခဲ့ကြခြင်း ဖြစ်သည်။
ပြန်လည်ဆန်းသစ်နှောင်း တစ်ခေတ်တေး Album ထဲမှာတော့ တေးသီချင်းစုစုပေါင်းကိုးပုဒ်ပါ ဝင်ပြီးစုံတွဲအဆိုရှင်များအနေဖြင့် တေးသံရှင်ဖြိုးပြည့်စုံ၊ဇွဲပြည့်၊အုပ်စိုး ခန့်နှင့်နေမင်းအိမ်တို့ကတွဲဖက် သီဆိုသရုပ်ဆောင်ထားပေးကြသည်။
သီချင်းများမှာနှစ် ပေါင်းရှစ် ဆယ်လောက်က သီချင်းလေးများ ဖြစ်ပြီး မူရင်းအဆိုရှင်အဆိုတော် ကြီးဒေါ်မေရှင်က သီဆိုခဲ့ပြီး နောက်ပိုင်းကာလများ၌ အဆိုတော် ချိုပြုံး၊ မာမာအေးတို့ကလည်း သီ ဆိုထားခဲ့ကြသည်။