images
UN
UN
ကိုဗစ်ကြောင့်အနုပညာလုပ်ကိုင်မှုတွေနားထားရလို့ မွေးရပ်မြေကို ပြန်နေဖြစ်တဲ့ သရုပ်ဆောင် နေမင်း
သွန်းလေး Tuesday, 30 June 2020
သရုပ်ဆောင်မင်းသားနေမင်းသည် ဆယ်နှစ်နီးပါးလောက် မရောက်ဖြစ်တဲ့ အဒေါ်တွေ ဦးလေးတွေရှိတဲ့ရွာနဲ့မရောက်ဖြစ်ခဲ့တာ ကြာတဲ့နေရာလေးတွေကို အေးအေးဆေးဆေးသွားဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ကြောင့် အနုပညာလုပ်ကိုင်မှုတွေနားထားရတဲ့ကာလမှာ မွေးရပ်မြေကို ပြန်နေဖြစ်နေတာလည်းဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားကောင်းများစွာ ရိုက်ကူးခဲ့ရတဲ့ နေမင်းအနေ နဲ့ နွေးထွေးတဲ့မိသားစုကို ပိုင်ဆိုင်ထားတာဖြစ်ပြီးမွေးရပ်မြေမြို့ လေးအတွက်ဖွံ့ဖြိုးရေးနှင့်လှူဒါန်းမှုလေးတွေကိုလည်း လုပ်ကိုင်ပေး လျက်ရှိသည်။
''သက္ကလကိုရောက်တာ တစ်ပတ်နီးနီးရှိပြီပေါ့။ အဓိကကလေး တွေ ကျောင်းပိတ်တာရယ် ရန်ကုန်မှာနေလို့ မွန်းကျပ်တာရယ်ကြောင့် ဒီကိုပြန်ပြီးတော့ ပြန်နေတာ။ ဒီကိုရောက်တဲ့အခါကျတော့ အရင်တုန်း က ဆယ်နှစ်နီးပါးလောက်မရောက်ဖြစ်တဲ့ အဒေါ်တွေ၊ ဦးလေးတွေ ရှိတဲ့ရွာတွေကို သွားဖြစ်တယ်။ နောက်ကိုယ်မရောက်ဖြစ်တဲ့နေရာ လေးတွေ အေးအေးဆေးဆေးနဲ့သွားဖြစ်တယ်''လို့မင်းသား နေမင်းက ပြောခဲ့သည်။
မင်းသားနေမင်းရဲ့မွေးရပ်သက္ကလမြို့ဟာနေမင်းရဲ့အမာခံပရိသတ် အများစုရှိတဲ့မြို့လေးလည်းဖြစ်ပြီး မွေးရပ်မြို့လေးမှာ လှူဒါန်းထား ခြင်းကိုလည်း
''ကိုယ့်မိသားစုလေး ပြည့် စုံပြီဆိုရင် ကိုယ့်ရပ်ရွာလေး ပြည့်စုံ အောင် လုပ်ပေးချင်တဲ့အတွက် အစ်ကိုတို့ မိသားစုရဲ့ အလှူလေး တွေ အစ်ကို့ဖေဖေလှူထားတာလေးတွေ မြင်ရတာစိတ်ချမ်းသာ တယ်''ဟု နေမင်းကထပ်မံပြောပြခဲ့သည်။