images
UN
UN
ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နိုင်နိုင်(မွန်) Monday, 29 June 2020
မွန်ပြည်နယ် ရေးမြို့နယ် မူး ယစ်တပ်ဖွဲ့စု(၃၉)မှ ဒုရဲမှူးအောင် မိုးနှင့်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ရေးမြို့ ရန်မျိုး အောင်ရပ်ကွက်တိုးချဲ့ကွက်သစ်သံ လွင်လမ်း အမှတ်(၂၃)နေ ဖြိုးကိုကို (၂၆နှစ်)၏နေအိမ်သို့သက်သေများ နှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဖြိုး ကိုကိုအား နေအိမ်အပေါ်ထပ်အိမ် ခန်းတွင်အသင့်တွေ့ရှိရပြီး အိပ်ခန်း ခေါင်းရင်းပြတင်းပေါက်အတွင်းမှ အဝါရောင်ပိုက်တစ်ချောင်းအားမြေ ပြင်သို့ လွှင့်ပစ်လိုက်သည်ကိုတွေ့ ရှိရသဖြင့် အဆိုပါပိုက်အား စစ် ဆေးရာ အဝါရောင်အအေးစုပ်ပိုက် ဖြင့်ထည့်လျက် WYစာတန်းပါ ပန်းရောင်စိတ်ြ<ွကရူးသွပ်ဆေးပြား ၁၅ ပြား အလေးချိန် ၁ ဒသမ ၅ ဂရမ် ခန့်မှန်းကာလတန်ဖိုးငွေကျပ် ၇၅ဝဝဝကို လည်းကောင်း၊ နေအိမ် အိပ်ခန်းခြေရင်းသစ်သားတန်းတွင် ချိတ်ဆွဲထားသည့် အနက်ရောင်ြ<ွကပ်ြ<ွကပ်အိတ်အတွင်းမှ ဘိန်းစာ ရွက်အစို အရွက်၂ဝဝ၊ အလေးချိန် ဂရမ် ၂၅ဝ၊ ကာလတန်ဖိုးငွေကျပ် ၁ဝဝဝဝ ခန့်တို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရေး မြို့မရဲစခန်းမှ ဖြိုးကိုကိုအပေါ် မယ (ပ)၃၂/၂ဝ၂ဝ၊မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။