images
UN
UN
မြန်အောင်၌ Cash For Work စီမံကိန်းနှင့် VRFP စီမံကိန်းကျေးရွာများရွေးချယ်
ဝင်းဗိုလ်(မြန်အောင်) Monday, 29 June 2020
မြန်အောင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာနှစ်CashFor Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ကျေးရွာ ရွေးချယ်ပွဲအခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီကအဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
COVID-19 ရောဂါ အကျိုး ဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသပြည်သူများကို ၄င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ် ငန်းနှင့်အခြေခံအဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၄င်းတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်ဒေသနေပြည်သူများ ဝင်ငွေရရှိစေရန်နှင့်ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုး တက်စေရန်ရည်ရွယ်၍ Cash For Work စီမံကိန်းဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်အောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်ကCash For Work စီမံကိန်းဆောင်ရွက်မည့် နည်းလမ်းများနှင့်ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ကျေးရွာ ရွေးချယ်မှုနှင့်ပတ်သက်သော စံ သတ်မှတ်ချက်များကိုရှင်းလင်းပြော ကြားသည်။ ဆက်လက်၍တာဝန်ရှိ သူများကစီမံကိန်းကျေးရွာရွေးချယ် နိုင်ရေး ဝိုင်းဝန်းဆွေးနွေးညှိနှိုင်း တိုင်ပင်ခဲ့ကြပြီးသတ်မှတ်ထားသော စံနှုန်းများနှင့်ညီညွတ်သော Cash For Workစီမံကိန်းကျေးရွာ ၁၃ ရွာနှင့်ကျေးရွာမတည် ရန်ပုံငွေစီမံ ကိန်း(VRFP)ကျေးရွာလေးရွာတို့ ကိုရွေးချယ်ခဲ့ကြကြောင်းသိရသည်။