images
UN
UN
ယခင်ရွေးကော်ဥက္ကဋ္ဌကဲ့သို့ သတ္တိရှိရှိနဲ့ ကျုပ်တို့တွေသမာသမတ်နဲ့ လုပ်ပေးပါ့မယ်လို့ လက်ရှိကော်မရှင်က ပြောနိုင်ပါ့မလားဟု မင်းကင်းလွှတ်တော်ကိုယ်စားလှယ်ကို ဦးဌေးအောင်ကမေး
သုခ Monday, 29 June 2020

ရန်ကုန်တိုင်းဒေသကြီးဆိပ်ကမ်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ယခု လ ၂၅ရက်ကကျင်းပသော လွတ် လပ်ပြီးတရားမျှတသောရွေးကောက် ပွဲဖြစ်စေရေးနှင့်ပတ်သက်၍သတင်း စာရှင်းလင်းပွဲတွင်ယခုကဲ့သို့မေးခွန်း ထုတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးမြန်းမှုအားမင်းကင်း လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မြင့်က ပြန်လည်ဖြေကြားရာတွင် ''ပြောလို့ရှိရင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တချို့ဟာ တွေက သိသိသာသာကို Virus ဖြစ်နေတာ။ ကျွန်တော်တို့သူတို့နဲ့ နှစ်ကြိမ်လောက် တွေ့ခဲ့ပါတယ်။ လွှတ်တော်မှာတွေ့တာ။ တစ်ခါက တော့Right to Recallကိစ္စကို ကျွန်တော်ကမေးတယ်။ ဦးသောင်း အေးမေးထားပြီးပြီ။ ခင်ဗျားတို့က ရေးနေတုန်းပြောတယ်။ အခုလည်း ရှစ်လကြာပြီ။ ၁ဝလကြာပြီ တစ်ခါ မှလည်းမလာသေးဘူး။ အဲဒါ ဘာ ကြောင့်မလာတာလဲဆိုတော့ အဲ အချိန်ကျ စကားလှည့်သွားပြီ သူတို့က။ ပထမအကြိမ်လွှတ်တော် တုန်းက ဒီဟာကိုရပ်ထားပါဆိုလို့ ရပ်ထားတာဆိုတော့ ဒါကျွန်တော် က ဆက်စပ်မေးခွန်းမေးတာပေါ့။ ခင်ဗျားတို့ဒါက အဓိပ္ပာယ်မရှိဘူး။ ခင်ဗျားတို့ကိုခန့်တာ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်ကခန့်တာ။ ဒါ ကြောင့်ခင်ဗျားတို့တင်မလားမတင် ဘူးလား ဒါပဲပြောလို့ပြောတဲ့အခါ ကျတော့ အဲဒီအချိန်မှာ ဦးတီခွန် မြတ်က ဥက္ကဋ္ဌဆိုတော့ သူကဝင် ဖြတ်ပြီးခင်ဗျားတို့တင်ရမယ်။ခင်ဗျား တို့တာဝန်ပဲဆိုတော့ရောက်လာတာ ပေါ့ဗျာ။ ပြီးခဲ့တဲ့ ၂ဝ၁၉ခုနှစ် လေးလပိုင်းက အဲဒီRight to Recall ဥပဒေကြီးက လွှတ်တော်ကို ရောက်လို့ သတင်းစာမှာတောင် ထည့်ပြီးပြီ။ ဒါပေမဲ့ခုချိန်ထိကို မဆွေးနွေးသေးဘူး။
နောက်တစ်ခုက ဘာလဲဆို တော့IFES လို့ခေါ်တယ်။ အဲဒီ အဖွဲ့ကြီးက ကွန်ပျူတာအလုံး ၁၃ဝဝနဲ့ Printer တွေလှူမယ် ဖြစ်တယ်။ ဖြစ်တော့ကျွန်တော်တို့ က အဲဒါကို မေးခွန်းမေးတယ်။မေးတဲ့အခါကျတော့ အဲဒါနဲ့ပတ် သက်ပြီးပြင်ပမှာ ဖြစ်နေတာပေါ့။ကျွန်တော်တို့ပါတီလည်းအပါအဝင် ပေါ့။ အဲဒီIFES ဘာဖြစ်လို့ တင်ဒါမခေါ်လဲပေါ့။ ကျွန်တော် တို့ရပ်တည်ချက်ကသူတို့နဲ့မတူ ဘူး။ ဘာလို့မတူလဲဆိုIFES က လွတ်လပ်တဲ့အဖွဲ့အစည်း။ တင်ဒါ မခေါ်ဘဲသူ့ဘာသူ လမ်းဘေးက ဝယ်ပေးပေး။ UEC ကလက်ခံရင် ပြီးပြီ။ တင်ဒါခေါ်ခြင်းမခေါ်ခြင်း က ပြဿနာမဟုတ်ဘူး။ ဒ
ါပေမဲ့ ကျွန်တော်လုပ်တဲ့ပြဿနာက ဘာ လဲဆိုတော့အဲဒီIFES က ပေးမယ် ဆိုတဲ့ ကွန်ပျူတာတွေမှာ ဆော့ဝဲလ်၊ ထရိုရန်တွေ၊ ဝက်ဘ်ကန်တွေ စသည်အားဖြင့်ပေါ့။ ကျွန်တော်တို့ ရဲ့ကွန်ပျူတာထဲကနေ ရွေးကောက် ပွဲဆိုင်ရာသတင်းတွေ ပေါက်ကြား မယ့်ဟာတွေမပါအောင် ဘယ်လို ကာကွယ်မလဲ။ ဒါကိုမေးတာ။ မေးတော့သူတို့ မဖြေနိုင်ပါဘူး။ မဖြေနိုင်တော့ ပြီးခဲ့တဲ့ရက်က ကျွန် တော်ဆီ အဖြေရောက်လာတယ်။ အဖြေမှာတော့ ပါတီတွေရဲ့ ကိုယ် စားလှယ်တွေပေါ့။ ကွန်ပျူတာ ပညာရှင်တွေနဲ့ အစစ်ဆေးခံပါ့မယ် ပြောတယ်။ အဓိကပြောချင်တာက ရွေးကောက်ပွဲမှာ အဲဒီIFES က လူတွေထဲထဲဝင်ဝင် ဖြစ်မနေဖို့လို တယ်။ကျွန်တော်သိထားတဲ့သတင်း အရဆိုရင် အဲဒီIFES က လူတွေ ရွေးကောက်ပွဲကော်မရှင်မှာ ရုံးခန်း ကို ဖွင့်ထားတာတဲ့။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြင်ပ ကလူတွေရဲ့ စွက်ဖက်မှုရှိနေတယ် ဆိုတာပြောချင်တာ။ ဒီကွန်ပျူတာ ပညာလောက်ကတော့ တတ်တာ ပေါ့။ မြန်မာနိုင်ငံမှာလည်း ပညာ ရှင်တွေအများကြီးပဲ။ ကွန်ပျူတာ အလုံး ၁၃ဝဝနဲ့ Printer လေး၊ ငါး၊ ခြောက်ရာလောက် ဝယ်တာက ဘာမှ ပိုက်ဆံမရှိဘူး။ အဲဒါကို အလကားနေရင်း အလှူခံတယ်။ အလှူခံတော့ နောက်ကနေ နှောင် ကြိုးတွေပါလာတယ်။ နှောင်ကြိုး တွေပါလာတဲ့အတွက် ကျွန်တော့် အနေနဲ့ ပွင့်ပွင့်လင်းလင်း အတိုဆုံး ပြောရရင်ကိုဌေးအောင်ရေ။ပါးစပ် ကတော့ ပြောချင်ပြောမှာပေါ့။Free and Fair Election ဖြစ်ဖို့ အာမခံပါတယ်လို့ပြောမှာပဲ။ ဒါပေ မဲ့ ကျွန်တော်တို့က မယုံတဲ့အတွက် ကြောင့် စောင့်ကြည့်ရမှာပဲ။ စောင့် ကြည့်တဲ့အခါ တစ်ယောက်တည်း မလုံလောက်ဘူး။ စောင့်ကြည့်ရေး အဖွဲ့တွေထားရမယ်။ မီဒီယာတွေ ကလည်း စောင့်ကြည့်ရမယ်။ အဲဒါ ကျွန်တော်တို့ရဲ့ အမျိုးသားရေး တာဝန်ပဲ။ ဒီသဘောဖြစ်ပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။