images
UN
UN
နောက်ခံလူမက်ဂွိုင်းယား၏ အသင်းနှင့်ပါဝင်နိုင်မှုကို မန်ယူအသင်းနည်းပြဆိုးလ်ရှား ချီးကျူးစကားဆို
Sunday, 28 June 2020

မန်ယူနည်းပြဆိုးလ်ရှားက နောက်ခံကစားသမားမက်ဂွိုင်းယားသည် အသင်းနှင့် ပါဝင်ပတ်သက်နိုင်မှု ကြီးမားလွန်းသောကစားသမားဖြစ် သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ မန်ယူသည် နော့ဝစ်ခ်ျနှင့် ကစားခဲ့သော အက်ဖ်အေဖလားပွဲစဉ်တွင် တစ်ဂိုးစီသရေကျခဲ့ခြင်းကြောင့် အချိန်ပိုကစားခဲ့ရပြီး ပွဲချိန် ၁၁၈ မိနစ်တွင် နောက်ခံလူမက်ဂွိုင်းယား သွင်းယူသောဂိုးကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၄င်းသည် မန်ယူ အသင်း၏နောက်ဆုံး ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့မှုတွင် အရေး ကြီးသောနေရာမှ ပါဝင်ခဲ့သူဖြစ်သည်ဟု ဆိုးလ်ရှားက ယုံကြည်နေသည်။ ''မက်ဂွိုင်းယားဟာ အသင်းကိုရောက်လာပြီးကတည်းက သူ့ရဲ့အခန်း ကဏ္ဍက အမြဲတမ်းကြီးမားခဲ့သလို အသင်းနဲ့ပါဝင်ပတ်သက်နိုင်တဲ့နှုန်း ကလည်း မြင့်ခဲ့ပါတယ်။ သူ့ရဲ့ဦးဆောင်နိုင်မှု၊ အသင်းဖော်တွေကိုကူညီ နိုင်မှုနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှုတွေက ချီးကျူးစရာပါပဲ''ဟု ဆိုးလ်ရှားက ပြောခဲ့သည်။ မန်ယူအသင်းသည် နော့ဝစ်ခ်ျနှင့်ယှဉ်ပြိုင်ခဲ့ ရာတွင် ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာ၊ မာရှယ်၊ ဒီဂီယာ စသောကစားသမား များအား အရန်ခုံတွင် ထားခဲ့သည်။ မန်ယူအတွက် ဂိုးသွင်းပေးနိုင်ခဲ့ သော အီဟာလိုကိုလည်း ဆိုးလ်ရှားကချီးကျူးခဲ့သည်။ Ref; BBC