images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတည်တံ့ခိုင်မြဲရေး ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်သည့်အပေါ် ဝိုင်အမ်ဘီအေအသင်းမှ ဝမ်းမြောက်ဂုဏ်ယူကြောင်းထုတ်ပြန်
Thursday, 25 June 2020
ရန်ကုန် ဇွန် ၂၅
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာ သာ ကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်နာယက ကြီးအဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ရုရှားဖက် ဒရေးရှင်းနိုင်ငံက နိုင်ငံတော်ပြန်တမ်း ထုတ်ပြန်၍ တပ်မတော်အတွက် နှင့် တိုက်ခိုက်ရေးရာအတွက်တွင် လည်းကောင်း၊ တပ်မတော်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် လည်းကောင်း၊နိုင်ငံရေးနှင့်စစ်ရေး အရ အကျိုးပြုလုပ်ငန်းများအား
စွမ်းစွမ်းတမံ ဆောင်ရွက်ပြုလုပ် ပေးခဲ့သူများကိုသာချီးမြှင့်သည့် စစ်ဘက်ရေးရာ ပူးပေါင်းဆောင် ရွက်မှု ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြှင့်ခံရသည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး(YMBA) မှ ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါ ကြောင်း ဇွန် ၂၅ရက်စွဲဖြင့် ကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့သည် ယခုလ ၂၃ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးColonel General Alexander V.Fomin နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနတွင် သွားရောက်တွေ့ ဆုံဆွေးနွေးရာ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက် ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ FSMTCမှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေး အပ်ချီးမြှင့်သည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတည်တံ့ခိုင် မြဲရေးဂုဏ်ထူးဆောင်တံဆိပ်အား လည်းကောင်း၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဖက်ဒရယ်အဆင့် စစ် ဘက်နည်းပညာ ပူးပေါင်းဆောင် ရွက်ရေး FSMTC မှ ဒုတိယညွှန် ကြားရေးမှူးVladimirDrozhzhov မှ ညွှန်ကြားရေးမှူးချုပ်ကပေးအပ် ချီးမြှင့်သည့်ဂုဏ်ထူးဆောင်တံဆိပ် အားလည်းကောင်း ချီးမြှင့်တပ်ဆင် ဂုဏ်ပြုရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လက်ခံရယူခဲ့ ကြောင်း သိရသည်။