images
UN
UN
အပြစ်ကင်းသောချမ်းသာခြင်း Happiness of Innocent
နေဇင်လတ် Thursday, 25 June 2020
လူတို့ချမ်းသာခြင်းကိုလိုလားကြသည်။သို့သော်လည်း တစ်ဦးနှင့်တစ်ဦး ရှုထောင့် မတူညီကြချေ။ ဖြတ်သန်းခဲ့ရသောအတွေ့ အကြုံ၊ နောက်ခံ၊ ပညာခံယူမှုတို့အလျောက် ချမ်းသာခြင်းအပေါ် အဓိပ္ပာယ်ဖွင့်ဆိုကြရာ တွင်အကွဲအပြားဖြစ်ကြ၏။ ယေဘုယျအား ဖြင့် ရုပ်ဝတ္ထုချမ်းသာခြင်းကို အများစု ကလိုလားကြ၏။ ငွေသုံးနိုင်ခြင်း၊ အိမ် ကောင်းကောင်း၊ ကားကောင်းကောင်းပိုင် ဆိုင်ခြင်း၊ အြေ>ွခအရံများစွာရှိခြင်းကို ချမ်းသာမှုတစ်ခုဟု လက်ကိုင်ထားကြ၏။
တစ်ပိုင်းမှန်၊ တစ်ပိုင်းမှား
ချမ်းသာခြင်းကို မည်သည့်အခြေခံရပ် တည်ချက်မှရှုမြင်ပါသနည်း၊ ဟူသောမေး ခွန်းဖြစ်လာပါလိမ့်မည်။ အရင်းအမြစ်အား ဖြင့် လောကီချမ်းသာခြင်း၊ လောကုတ္တရာ ချမ်းသာခြင်းနှင့် လောကီ-လောကုတ္တရာ နှစ်ဖြာချမ်းသာခြင်းဟူသော ရပ်တည်ချက် သုံးခုအရ အနည်းဆုံးသုံးမျိုး၊ သုံးစားထွက် လာမည်ဟုယူဆရပါ၏။
လောကီချမ်းသာခြင်းသည် ရုပ်ဝတ္ထု အပေါ်အခြေခံပါသည်။ မှန်ကန်စွာချမ်း သာခြင်း-မှားယွင်းမှုဖြင့် ချမ်းသာခြင်းကို ကောင်းစွာသုံးသပ်လေ့မရှိကြ။ ရုပ်ဝတ္ထု များ ချမ်းသာခြင်းကသာ ရည်မှန်းချက် တစ်ခုလည်းဖြစ်တတ်လေ့ရှိ၏။
လောကုတ္တရာချမ်းသာခြင်းက လော ကီချမ်းသာခြင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ် ပြီး ရုပ်ဝတ္ထုများရှိနေခြင်းကိုပင် မမြဲသော တရား၊ ဆင်းရဲကြောင့်ကြရခြင်း၏ အရင်း အမြစ်၊ သောကတို့၏မြစ်ဖျားခံရာဟုခံယူ ကြသည်။ နောက်ဆုံးရုပ်+နာမ်တို့ရှိခြင်းက ပင်ဇာတိ-ဇရာ-မရဏသံသရာမှ မလွက် မြောက်နိုင်ဟုခံယူထားကြရာ ရုပ်ဝတ္ထုမဆို ထားဘိ၊ ရှိနေသော ရုပ်-နာမ်ကိုပင်စွန့် လွှတ်ချင်ကြသူများဖြစ်သည်။
လောကီ-လောကုတ္တရာ နှစ်ဖြာဘက် မှ ရှုသောချမ်းသာမှုမှာ ရုပ်နှင့်ဝတ္ထုအပေါ် တပ်မက်မှုမလွန်ကဲ၊ ကြိုးစားမှု၊ ကံပေးသ လောက်နှင့် ကျေနပ်လေ့ရှိကြပြီး လော ကုတ္တရာရှုထောင့်မှလည်း အမြဲမပြတ်ဆင် ခြင်သော ချမ်းသာမှုမျိုးဖြစ်သည်။
အတ္တဟိတ၊ ပရဟိတနှင့် မဇ္ဈိမပဋိပဒါ
မရေမတွက်နိုင်သော အတိတ်ဘဝ ပေါင်းများစွာကပြုခဲ့သော ကုသိုလ်-အကု သိုလ်ကံများ၏ အကျိုးပေးကြောင့် သံသရာ မှ မလွတ်မြောက်နိုင်ကြသေးသူများအတွက် ပစ္စုပ္ပန်လည်း ကောင်း၊ အနာဂတ်လည်း ကောင်းစေမည့်လမ်းစဉ်ကို ဟောတော်မူ ထားခဲ့သည်။ အတ္တဟိတနှင့် ပရဟိတပင် ဖြစ်သည်။
အတ္တဟိတသည် မိမိအကျိုးအတွက် ဖြစ်ပြီး ပရဟိတသည် အများအကျိုး အတွက်ဖြစ်သည်။ ပရဟိတဟူသော အသုံးသည်များစွာ ရေပန်းစားလျက်ရှိပါ သော်လည်း ပရဟိတသက်သက်ကို ဗုဒ္ဓက အားမပေးခဲ့။ ထိုနည်းတူစွာ အတ္တဟိတ သက်သက်သည်လည်း အစွန်းတစ်ပါးဖြစ် သည်ဟု ဗုဒ္ဓကဆိုပါသည်။ မိမိဆန်အိုးထဲ တွင်ဆန်ကို အရင်ပြည့်ပြီးမှ အများကိုဆန် ဝေခိုင်းသောနည်းလမ်းစဉ်ဖြစ်သည်။


အမှားမကင်းဟုဆိုကြရာတွင်
လောဘ၊ ဒေါသ၊ မောဟအခြေခံသော ပုထုဇဉ်လူသားဖြစ်ကြသဖြင့် အမှားမကင်း ကြချေ။ သို့သော်လည်း ''အမှားမကင်း'' ''ပုထုဇဉ်''ပဲလေဟူသောစကားမှာ အမှား ပြုရန်တွန်းအားပေးထားခြင်းမဟုတ်သည် ကို သတိချပ်ရန်ဖြစ်သည်။
ဤတွင် ''ခွင့်လွှတ်နိုင်သောအမှား'' နှင့် ''ခွင့်မလွှတ်နိုင်သောအမှား''ဟူ၍ နှစ် ပိုင်းထွက်လာနိုင်ပါသည်။ မှားနိုင်သော အမှား၊ သို့မဟုတ် ခွင့်လွှတ်နိုင်သောအမှား မျိုးဟု ယေဘုယျသတ်မှတ်နိုင်ပြီး ခွင့်မ လွှတ်နိုင်အမှား (သို့မဟုတ်) မမှားသင့် သောအမှားမျိုးမှာ ကိုယ့်အမှားကြောင့် အများအပေါ် မကောင်းမှုသက်ရောက်မည့် အမှားမျိုးဖြစ်သည်။
အထူးသဖြင့် လူ့အဖွဲ့အစည်းများ၏ ခေါင်းဆောင်၊ နိုင်ငံအဆင့်ခေါင်းဆောင် များ ဤအချက်ကို အထူးအလေးပြုဂရု ထားသင့်ကြသည်။ အများကိုကိုယ်စားပြု ခေါင်းဆောင်ဖြစ်လာသဖြင့် မိမိတို့၏ဆုံး ဖြတ်ချက်သည်အများအပေါ် သက်ရောက် ၏။ရိုးသားသောအမှားကိုပင်မကျူးလွန်သင့် လျှင် ရည်ရွယ်ချက်ပါသော အမှားမျိုးဟူ လျှင်ကား ဆိုဖွယ်မရှိဟုရေးလိုပါသည်။သို့သော်လည်း ခေါင်းဆောင်များ ပညာ နည်းပါးသည့်အခါ အတ္တလွန်ကျူးလာ၍ မှားတတ်ခြင်းဖြစ်သည်။ လောဘ၊ ဒေါသ ထက်မောဟစရိုက်ကြီးသောခေါင်းဆောင် များ၌ (နါသ) လွန်ကဲတက်လေရာ၊ ခွင့် မလွှတ်နိုင်သော အမှားမျိုးအထိ ကျူးလွန် နိုင်ကြရတတ်ပါ၏။
ထို့ကြောင့် မှားခြင်း-မှန်ခြင်းသည် ပညာနှင့် ပြောင်းပြန်အချိုးကျပြီး အတ္တ နှင့် မောဟသည်လည်းပညာနှင့် ပြောင်း ပြန်အချိုးကျပါ၏။ ပညာနည်းလျှင် အမှား များသလို၊ အတ္တကြီးသူလည်း ဖြစ်လေ့ရှိ သည်။ ပညာကြီးလျှင် အမှားနည်းသလို၊ အတ္တနည်းသူလည်း ဖြစ်တတ်ပြန်ပါသည်။
''လူပဲ...အမှားမကင်းနိုင်'' ဟူသော စကားကို တလွဲအနက်မကောက်ရန်ဖြစ် သည်။ လောကုတ္တရာသက်သက်မသွား နိုင်သေးသရွေ့၊ လူ့လောကတွင် ရှင်သန်နေ ရသမျှကာလပတ်လုံး မှားနိုင်ကြသည်မှန် သော်လည်း၊ အမှန်တကယ်ပညာကြီးကြ သူများအမှားနည်းတတ်လေ့ရှိကြပြီး သာ မန်ခွင့်လွှတ်နိုင်သော အမှားမျိုးထက်မပိုကြ သည်ကို သတိထားလေ့လာကြည့်သင့်ကြ ပါသည်။
''အမှားမကင်းနိုင်''ဟူသည် မှားရန် အားပေးသည်မဟုတ်ပါ။ သာမန်အမှားပြု သူကို ဖြေသိမ့်ခြင်းမျှသာဖြစ်ပါသည်။
အပြစ်ကင်းသောချမ်းသာခြင်း
ချမ်းသာခြင်းတို့တွင် အပြစ်ကင်းသော ချမ်းသာခြင်းနှင့် အပြစ်မကင်းသောချမ်း သာခြင်းဟူ၍ ရှိလာနိုင်ပြန်သည်။ အတ္တ ဟိတကိုဆောင်ရွက်၍ ရုပ်ဝတ္ထုတို့၏ချမ်း သာခြင်းအမှုကိုပြုရာတွင် သမ္မာအာဇီဝဖြင့် ချမ်းသာသူများမှာ အပြစ်ကင်းသောချမ်း သာခြင်း Happiness of Innocent ကိုရရှိ ပါသည်။ အိပ်ပျော်သည်။ စားဝင်သည်။စိတ်ရှင်းသည်။
ရုပ်ဝတ္ထုချမ်းသာမှုနောက်အလွန်အကြူး လိုက်ပါသူများမှာ သမ္မာအာဇီဝမဖြစ်ခဲ့ သည်ရှိသော် အပြစ်ကင်းသောချမ်းသာမှုကို ရရှိကြမည်မဟုတ်နိုင်။ ကိုယ့်အကြောင်းကို ကိုယ်သာသိသည်၊ ကိုယ့်လုပ်ရပ်တို့ ကိုယ် သာသိသည်။ အကုသိုလ်အကျိုးက အရိပ် တစ်ခုလိုလိုက်လာမည်ဖြစ်သလို ကောင်း စွာစားဝင်၊ အိပ်ပျော်မည်လည်းမဟုတ်ချေ။
တစ်သိန်းရပြီး အပြစ်ကင်းသောချမ်း သာမှုက ၁ဝသိန်းရပြီး အကုသိုလ်မကင်း သော ရုပ်ဝတ္ထုချမ်းသာမှုထက် သာလွန် ပါသည်။ မျက်တောင်တစ်ဆုံးနှင့် မျက်စိ တစ်ဆုံးကြည့်သကဲ့သို့ ကွာခြားလှပါ၏။
ဘဝတစ်ခုသည် တိုတောင်းလှပါ၏။အချိန်တန်လျှင် ဘာမှယူသွား၍မရပါ။ သို့ သော်လည်း မယူချင်ဘဲပါသွားသည့်အရာ ကမူပြုခဲ့သောကုသိုလ်၊ အကုသိုလ်များသာ ဖြစ်သည်။ အပြစ်ကင်းသောချမ်းသာခြင်း သည် ကုသိုလ်ဖြစ်စေပြီး အပြစ်မကင်း သောချမ်းသာသူသည် အကုသိုလ်ကြီးစိုး တတ်ပါ၏။
ပဋိသန္ဓေမှသည် ရှင်သန်ဖြတ်သန်းနေ စဉ်ကအလယ်၊ စုတိစိတ်ကျခါနီးအထိ လူတို့သည် ဇောအလီလီကို ဖြတ်သန်း ကြရပါ၏။ အပြစ်ကင်းသောချမ်းသာမှုကို ရှည်ကြာစွာခံစားခဲ့ရသူသည် ဇောကို လည်း ကောင်းစွာဖြတ်သန်းနိုင်မည်ဖြစ် ရာ ယခုဘဝမှာရော နောက်ဖြစ်မည့်ဘဝ ကိုပါ ကောင်းသောကျေးဇူးပြုတတ်သည့် နိယာမကိုသိခဲ့ကြလျှင်...