images
UN
UN
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သားတစ်ဦးသေဆုံး
မေနဒီမြနွယ် Wednesday, 24 June 2020
ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်အတွင်း တရားဥပဒေစိုးမိုး ရေးနှင့်နယ်မြေ တည်ငြိမ်အေးချမ်း ရေး ဆောင်ရွက်လျက်ရှိသော မြန် မာ နိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များကို ယမန်နေ့ ညနေပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက ချောင်းမြောင်းတိုက် ခိုက်ခဲ့မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကျဆုံးပြီး ပြည် သူတစ်ဦးသေဆုံးခဲ့ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ယမန်နေ့ညပိုင်းသတင်းထုတ်ပြန် ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေး ရွာအနီး မောင်တော- အငူမော် ကားလမ်း၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များရောက်ရှိ နေပြီး အများပြည်သူအသုံးပြု လျက်ရှိသည့် ဆက်သွယ်ရေးလမ်း ကြောင်းများကို မိုင်းထောင်၊ မိုင်း ဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသဖြင့် တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေ တည်ငြိမ်အေးချမ်းရေးဆောင်ရွက် ရန်အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များက ယမန်နေ့ ညနေပိုင်းတွင် အင်းဒင်ရဲကင်းစခန်းမှ မော်တော် ယာဉ်များဖြင့် ထွက်ခွာလာရာ ညနေ ၅ နာရီ မိနစ်၂ဝခန့်တွင် ကိုးတန်ကောက်ကျေးရွာအနီး အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် မော်တော်ယာဉ် လိုက်ပါမောင်နှင်း ပို့ဆောင်သည့် အရပ်သား ယာဉ် မောင်းတစ်ဦး သေဆုံးခဲ့ပြီး ယာဉ် နောက်လိုက် တစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်းအဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေ ရာသို့ တပ်မတော်စစ်ကြောင်းများ က အချိန်မီ သွားရောက်ပူးပေါင်း ၍ စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ များအား ထက်ကြပ်လိုက်ကာ စစ် ဆင်လျက်ရှိကြောင်းနှင့်ဗဗအကြမ်း ဖက်သောင်းကျန်းသူအဖွဲ့များအနေ ဖြင့် အများပြည်သူအသုံးပြုလျက် ရှိသော ဆက်သွယ်ရေးလမ်း ကြောင်းများကို မိုင်းထောင်၊ မိုင်း ဆွဲတိုက်ခိုက်မှုများ ဆောင်ရွက် လျက်ရှိပြီး ဒေသတည်ငြိမ်အေး ချမ်းရေး ပျက်ပြားအောင် ဆောင် ရွက်လျက်ရှိသည့်အပြင် တရား ဥပဒေစိုးမိုးရေးနှင့်နယ်မြေ တည် ငြိမ်အေးချမ်းရေးဆောင်ရွက် လျက် ရှိသည့် ရဲတပ်ဖွဲ့ဝင်များကိုပါ ယခု ကဲ့သို့ ချောင်းမြောင်းတိုက်ခိုက် လျက်ရှိနေကြောင်း သိရသည်။