images
UN
UN
COVID-19 ကာလရုပ်ရှင်ဗီဒီယိုလောကသားများ၏ ရင်တွင်းစကားသံများ
ကိုနေ၊စောကျော်ဝင်း Monday, 22 June 2020
ရန်ကုန် ဇွန် ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စား ပါတီဗဟိုအတွင်း ရေးမှူးဦးပိုက်ထွေးက ယနေ့နံနက် ၉ နာရီတွင် ဗဟန်းမြို့နယ်ရှိ မြန်မာရုပ်ရှင် အစည်းအရုံး၌ပြုလုပ်သည့် COVID-19 ကာလ၌ ရုပ်ရှင်ဗီဒီယိုလောက သားများအား ဆန်၊ဆီ၊စားဖွယ်လှူဒါန်းသည့် အခမ်းအနားတွင် ငွေကျပ်သိန်း ၃ဝဝ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဦးညီညီထွန်းလွင်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ
အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ ခံစားချက်၊ စားဝတ်နေရေးခက်ခဲနေတဲ့ ရုပ်ရှင်လောကတွေအတွက် လာရောက် လှူဒါန်းပေးလို့ ကျေးဇူးတင်ပါတယ်။ ဦးပိုက်ထွေးကျတော့ ကျွန်တော်တို့ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေပေါ့။ ပြန် ကြားရေး ဒုတိယဝန်ကြီးဘဝကတည်း ကဒီမှာရုပ်ရှင် လောကအတွက် စွမ်း စွမ်းတမံဆောင်ရွက်ပေးခဲ့တာတွေ ရှိ တယ်။ ပြန်ကြားရေးဝန်ကြီးက ဦးအောင် ကြည်၊ ဒုဝန်ကြီးက ဦးပိုက်ထွေး ကျွန် တော်တို့ ရန်ကုန်မြို့မှာ အကယ်ဒမီတွေ ဘာတွေ ပြန်ပေးပို့လို့ရအောင်လို့ ရုပ်ရှင် အစည်းအရုံးကပဲ အကယ်ဒမီတွေ ဘာ တွေပေးပိုင်ခွင့်ရှိအောင်လို့ အကဲဖြတ် လူကြီးတွေလည်း ရုပ်ရှင်လောကသား တွေဖြစ်သွားအောင် ဦးပိုက်ထွေးတို့ လက်ထက်တုန်းက ကူညီဆောင်ရွက် ပေးခဲ့တာရှိတယ်။ အခု ရုပ်ရှင်လောက သားတွေ စားဝတ်နေရေးခက်ခဲနေတော့ လည်း သိန်း ၃ဝဝ လာလှူတာပေါ့နော်။ ကျွန်တော်တို့လောကသား ၁၅ဝဝ ကို တစ်ယောက်နှစ်သောင်းနှုန်းနဲ့ လှူဒါန်း ပေးနိုင်တာပေါ့။ ကျွန်တော်တို့ အစည်း အရုံးကနေ ရုပ်ရှင်လုပ်ငန်းရှင်တွေ၊ သူဌေးတွေကို အလှူခံထားတာတွေကို စုပေါင်းပြီးတော့ CB ဘဏ်က KMP ဖောင်ဒေးရှင်းက ပြီးခဲ့တဲ့လတုန်းက လည်းတစ်ယောက်ကို တစ်သောင်းနှုန်းနဲ့ လှူတယ်။ အခုလည်း တစ်သောင်းနှုန်းနဲ့ လှူတယ်။ ဦးပိုက်ထွေးတို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း တစ်ယောက်နှစ်သောင်းနှုန်းနဲ့ လူ ၁၅ဝဝ ဒီနေ့စပြီး လှူဒါန်းတယ်ပေါ့။ သုံးရက် တိတိလှူမှာပါ။ အဲဒီအတွက်လည်း စား ဝတ်နေရေးခက်ခဲနေတဲ့ ရုပ်ရှင်လောက သားတွေအတွက် ဖော်မပြနိုင်လောက် အောင် ကျေးဇူးတင်ရှိပါတယ်ဆိုတဲ့ အကြောင်း ပြောကြားလိုပါတယ်။
စက်အဖွဲ့ထဲကလူတွေမှာ ဘဝတော် တော်ဆိုးတာတွေ တွေ့ရပါတယ်။ အကန့် အသတ်ထားတဲ့ရက်က ပိုပြီးရှည်ကြာ သွားမယ်ဆိုရင်ဒီလူတွေရဲ့ စားဝတ်နေ ရေးဟာဘယ်လောက်အထိဆိုးရွားသွား နိုင်သလဲခင်ဗျ။
ကျွန်တော်လည်းအမှန်အတိုင်းဆို မခန့်မှန်းတက်ဘူး။LOCK-DOWN က ဒီလကုန်ထိရှိတယ်။ဇူလိုင်လဆိုLOCK-DOWN ဖြေမယ်ဆိုတော့ ကြော်ငြာ လေးတွေက ရိုက်လို့ရမယ်။ ပြီးတော့ ဇာတ်လမ်းတွေပေါ့။ ရုပ်ရှင်တွေကျရင် ရိုက်ခွင့်ရဖို့ နည်းနည်းကြာဦးမယ်။ ကျွန် တော်တို့က ဇူလိုင်လမှာလည်း ဒါမျိုး ထက်ပြီး လှူနိုင်အောင် စီစဉ်ထားပါ တယ်။ မီတာဆောင်ဖို့တောင် တချို့ အခက်အခဲဖြစ်ကြတယ်။

အဲဒီလိုအကူ အညီပေးရတဲ့သူတွေရှိတယ်။ ဇူလိုင်လ အထိ ကျွန်တော်တို့ လှူဒါန်းဖို့ စီစဉ် ထားတယ်။ အဲဒီလိုလှူမှလည်းဖြစ်မှာ။ ဇူလိုင်လမှာ ပွင့်ပြီးဆိုပေမယ့် ရုပ်ရှင်တွေ ဘာတွေကျတော့ ပွင့်ဖို့ မလွယ်သေးဘူး။ အဲဒါကြောင့် နောက်လအတွက်ပါ လှူ ဒါန်းဖို့ စီစဉ်ထားပါတယ်။ ရုပ်ရှင် လောကသားတွေရော ပြည်သူရောပေါ့ နော် ဒုတိယလှိုင်းဆိုတာ နိုင်ငံတိုင်း မှာလိုလိုရှိတယ်။ အရဲမစွန့်ကြဖို့၊ျြေု တပ်ဖို့၊လက်ဆေးဖို့။ သိပ်လူချင်းကပ်ပြီး မနေဖို့၊ ခပ်ခွာခွာနေဖို့ ဒုတိယလှိုင်းဆို တာရှိတယ်ဆိုတာ ခေါင်းထဲမှာထည့် ထားမှ အသွားအလာအနေ အထိုင်တော် တော်လေးဆင်ခြင်မှရမယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ဖြစ်နေတာက လူတော် တော်များများကဂရုမစိုက်ဘူး။မတ်တတ် ဖို့တောင် တော်တော်လေးဝန်လေးနေကြ တယ်။ အဲဒါလေးတော့ ဂရုစိုက်ကြပါ။
ကိုညီညီ
စက်အဖွဲ့သားတစ်ဦး
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
COVID ဖြစ်တဲ့ကာလမှာ ကျွန် တော်တို့ရပ်ကွက်ထဲက အိမ်ကားလေး တွေလိုက်ဆေးတယ်။ အလုပ်မရှိ တာတော်တော်ကြာပြီပေါ့။ သုံးလကျော် လေးလလောက်ရှိပြီ။ အိမ်ကားလေး တစ်စီးကို နှစ်ထောင်နဲ့လိုက်ဆေးပါ တယ်။ ဝင်ငွေမရှိတော့ ရှိတာလေးလိုက် လုပ်စားနေရတာပေါ့။ သူဌေးတွေ ကား တွေ ဆေးဆိုတော့ ကျွန်တော်တို့က ဆေးရတာပေါ့။ အခုလို ဆန်တွေ၊ဆီတွေ ပေးတယ်ဆိုတော့ ကျွန်တော်တို့လို စက်မှု လုပ်သားတွေ ရိုက်ကူးရေးတွေ ဝမ်းသာ ပါတယ်။ အဲဒီလို အမြဲတမ်းလည်း လှူ နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါ တယ်။
ဦးဒေဝ
ရုပ်ရှင်စက်မှုအဖွဲ့သားတစ်ဦး
အခက်အခဲတွေကတော့ အစစအရာ ရာအစုံပါပဲ။ ဒါကြီးကို စဉ်းစားပြီးသွား လို့ရှိရင် ကိုယ်ပဲစိတ်ဆင်းရဲရမှာလေ။ ဒီတိုင်းပဲလုပ်ကိုင် စားသောက်ပြီးတော့ ရုန်းကန်သွားရတာပဲ။ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကရောသဘင်ကရော အား လုံးစုပေါင်းပြီး အကုန်လုံးနစ်နာမှု မရှိ အောင် အားလုံး အဆင်ပြေအောင် ကျွန်တော်တို့ကို လုပ်ပေးပါတယ်။ ဆန်၊ ဆီ၊ဆား၊ ငရုတ်၊ ကြက်သွန် အကုန်ပေး ပါတယ်။ အမြဲတမ်းကြီးတော့ မပေး နိုင်ဘူးပေါ့။ လူတွေက အများကြီးကိုး။ တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါ အဲဒီလို တွေပေးကြပါတယ်။ ကျွန်တော်တို့က တော့တစ်ခုတော့ရှိတယ် အောက်ခြေ သိမ်းလူတန်းစားဆိုတော့ အဆင်မပြေမှု တွေ အများကြီးရှိတာပေါ့။ ဒီလိုပဲ ကြံ့ကြံ့ခံပြီး ကျွန်တော်တို့ ဖြတ်သန်း သွားလာရတာပေါ့။ ဝင်ငွေ မရှိဘူး ဆိုတော့ဒီအစည်းအရုံးကလည်း နား လည်မှုနဲ့ ကျွန်တော်တို့စက်အဖွဲ့တွေကို ပေးတယ်။ အစစအရာရာကူညီပြီးတော့ ဒီ COVID ကိုကာကွယ်တဲ့အနေနဲ့ ကျွန်တော်တို့ကို အကုန်လုပ်ပေးပါတယ်။ ရုပ်ရှင်၊ သဘင်၊ ဂီတပေါ့။ အခြားမင်း သားမင်းသမီးတွေ စုပေါင်းပြီးအဖွဲ့ အစည်းတွေကလည်း စုပေါင်းပြီး ကျွန် တော်တို့ကို လူကြီးတွေနဲ့ စုပေါင်းပြီး ကျွန်တော်တို့ကို အကုန်ပေးပါတယ်။
ကိုကျားကြီး
စက်အဖွဲ့သားတစ်ဦး
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)
ကျွန်တော်ကတော့ အိမ်မှာထိုင် စားနေပါတယ်။ ကျွန်တော့်ပိုက်ဆံ ထဲ ကပါ။သုံးလေးသိန်းလောက်ကုန်နေပါ ပြီ။ ကြုံတဲ့အခက်အခဲတွေကတော့ အများကြီးပေါ့လေ။ ကျွန်တော်တို့က ရုပ်ရှင်လောကသားတွေဆိုတော့ ရုပ်ရှင် မရိုက်ရရင်ဝင်ငွေမရှိဘူးပေါ့။ ပြန်ရိုက် ရရင်တော့ ကောင်းတာပေါ့။ ပြန်မရိုက်ရ သေးတော့ ခက်ခဲနေတာပေါ့။ စားဝတ် နေရေးရော ကျန်းမာရေးရောဖြေရှင်း နေရတာကိုး။ ကျွန်တော့်အမေကလည်း အသက်ကြီးနေပြီး အစ်ကိုက မသန် စွမ်းလေ။ ရက် ၂ဝ တစ်လကို ပိုက်ဆံရှာ ပေးရတာပေါ့။
(ဆက်လက်ဖော်ပြပါမည်)
Image may contain: 2 people, closeup and indoor