images
UN
UN
ကိုဗစ်-၁၉ ကာလ ပြည်ပဆန်တင်ပို့မှု တစ်လရပ်ဆိုင်းခဲ့ရသော်လည်း ယခင်နှစ်ထက် ပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထား
သုခ Sunday, 21 June 2020

ဆန် ပြည်ပတင်ပို့မှု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဧပြီလ တစ်လရပ်နားခဲ့ရ သော်လည်း ယခုနှစ် ဆန်တင်ပို့မှုမှာ ယခင် နှစ် ဆန်တင်ပို့မှုထက်ပိုမို တင်ပို့နိုင်မည့် အခြေအနေရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်း ဦးက ပြောသည်။
''ပြည်ပတင်ပို့မှုအနေနဲ့လည်း ဧပြီလ သင်္ကြန်ကာလမှာ ကိုဗစ်လည်း ဖြစ်နေ တယ်။Lock down အချိန်လည်းဖြစ်နေ တော့ ဒီကာလအတွင်းမှာ ဧပြီတစ်လကို တင်ပို့မှုရပ်ဆိုင်းတယ်။ ပြည်တွင်းစျေး ကွက်ငြိမ်သလို ပြည်ပတင်ပို့မှုကလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဆန်စပါးကဏ္ဍအနေနဲ့ ထိခိုက်မှုအနည်းဆုံး ကိုဗစ်ကာလမှာ ဆောင်ရွက်နိုင်ခဲ့တယ်''ဟု ဦးအောင်သန်းဦးက ပြောသည်။
ယခုနှစ်ဆန်တင်ပို့မှုမှာ ယခင်နှစ်ထက် ပို၍တင်ပို့နိုင်မည့် အခြေအနေရှိပြီး ယခင် နှစ်က ပြည်ပဆန်တန်ချိန် ၂ဒသမ ၃ သန်း တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်လက်ရှိအချိန်တွင် ဆန်နှစ်သန်းကျော် တင်ပို့ခဲ့ပြီး ဖြစ်သည့် အတွက် ယခုနှစ်တွင် ဆန်တန်ချိန်တစ်သိန်း နီးပါး တစ်သိန်းခန့်အထိ ပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းဆန်စျေးကွက် အတွင်း ကိုဗစ်-၁၉ ကာလတွင် စိုးရိမ် ကြောင့်ကြစိတ်များဖြင့် ဝယ်ယူထားမှုများ ကြောင့် စားသုံးသူများလက်ထဲတွင် ဆန် လုံလုံလောက်လောက်ရှိသည့်အတွက် လက်ရှိတွင် ဧည့်မထဆန်အုပ်စု မဟုတ်ဘဲ ပေါ်ဆန်းအုပ်စုမှာ စျေးကွက်အတွင်း မရောင်းရလောက်အောင် ပိုလျှံပေါများနေ ကြောင်း ၄င်းက ထပ်မံပြောသည်။