images
UN
UN
ရေကြောင်းကုန်သွယ်ရေးက ပြဿနာမရှိပါဘူး ပုံမှန်အတိုင်းပဲသွားနေတာပေါ့နော် နယ်စပ်ကုန်သွယ်ရေးမှာကျတော့ အဲ့ဒီမှာ နှစ်ဖက်စလုံး စစ်ဆေးတဲ့အဆင့်တွေရှိတယ်
စောကျော်ဝင်း Sunday, 21 June 2020
မေး။ တရုတ်နိုင်ငံနှင့် ဆန်ကုန်
သွယ်မှုမှာအခက်အခဲတွေ ရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီ အပေါ်မှာဆရာတို့ ဆန်လုပ်ငန်းရှင် တွေအနေနဲ့ ဘယ်လိုအခက်အခဲ ဘယ်လိုမျိုးအခက်အခဲတွေရှိပါ သလဲ။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအား နဲ့ မြန်မာရဲ့ ရောင်းလိုအားဘယ်လို ရှိတယ်ဆိုတာလေး ပြောပြပေးပါ ဦးဆရာ။
ဖြေ။ တရုတ်နိုင်ငံကို Normal
(ရေကြောင်း ကုန်သွယ် ရေး) Border နယ်စပ်ကုန်သွယ် ရေးနဲ့ နှစ်မျိုးစလုံးသွားပါတယ်။ တရုတ်ဘက်က ခွင့်ပြုထားတယ် ပေါ့။ နှစ်နိုင်ငံ သဘောတူထားတဲ့ ကုမ္ပဏီ ၁၁ခုထဲကနေ ပြီးသွား ကြတာပေါ့။ ဒီကုမ္ပဏီ ၁၁ ခု မှာ ရေကြောင်းကုန်သွယ်ရေးက ပြဿနာမရှိပါဘူး။ ပုံမှန်အတိုင်းပဲ သွားနေတာပေါ့နော်။ နယ်စပ်ကုန် သွယ်ရေးမှာကျတော့ အဲ့ဒီမှာ နှစ်ဖက်စလုံး စစ်ဆေးတဲ့ အဆင့် တွေရှိတယ်။ တရုတ်ဘက်က လို အပ်ချက်ရယ်။ မြန်မာဘက်က တရုတ်လိုအပ်ချက်ကို လုပ်တဲ့ နေရာမှာ အထူးသဖြင့် ''ဖိုက်ကို'' အသိအမှတ်ပြုလက်မှတ်ခေါ်တာ ပေါ့ ဒီ Photo Certificate အသိ အမှတ်ပြုလက်မှတ် အပေါ်မှာ လယ်ယာစိုက်ပျိုးရေး ဆည်မြောင်း ဦးစီးဌာနကထုတ်ပေးတယ်။အဲ့ဒီလို Certificate မထုတ်ပေးခင်မှာ ပြင်ဆင်ရတဲ့အပိုင်းလေးတွေ ဒီ Certificate ထုတ်တဲ့ process လေးတွေမှာတော့ ဒီနှစ်မှ နယ်စပ် မှာ စပြီးလုပ်တာဆိုတော့ လုပ်ခါစ ဆိုတော့ အသားမကျတာလေးတွေ ရှိတယ်။ အသားမကျသေးတော့ နည်းနည်းကြန့်ကြာမှုလေးတွေရှိ တယ်ပေါ့။ အဲ့ဒါကလည်း ကျွန် တော်ထင်တာကပြေလည်နေတယ် သဘောတော့ရှိတယ်။ ဟိုဘက် က လယ်ယာစိုက်ပျိုးရေး ထွက် ကုန်တွေအပေါ်မှာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဟာကိုဒီဘက်က မဖြစ် မနေလုပ်ပေးရတဲ့ သဘောပါပဲ။
မေး။ ဝယ်လိုအားရောင်း လိုအား
အခြေအနေကော ဘယ် လိုရှိပါသလဲခင်ဗျ။
ဖြေ။ ကျွန်တော်က နယ်စပ်ဘက်
ကို သိပ်မပို့တော့ သိပ် တော့မသိပါဘူး။ ရေကြောင်းကုန် သွယ်ရေးကတော့ ပုံမှန်ပါပဲ။ သူတို့ဘက်က ဆန်နဲ့ ဆန်ကွဲဆိုရင် ကျွန်တော်ထင်တယ် ဆန်ကွဲက တော့ စက်မှုကုန်ကြမ်းဆိုတော့ ဆန်ကွဲကတော့ ဟိုဘက်ကပိုပြီး တော့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်ပေါ့နော်။ ဆန်ကွဲတော့ သူတို့ဘက်ကလိုတယ်ပေါ့။

မေး။ ပင်လယ်ရေကြောင်း ကုန်
သွယ်ရေးကနေ နိုင်ငံပေါင်း ဘယ်လောက်ကို ဆန်တင်ပို့နေ ပါလဲဆရာ။
ဖြေ။ ပင်လယ် ရေကြောင်းက
အများကြီးပဲ ဥပမာဆိုပါစို့ အာဖရိကဆိုလည်း အာဖရိကဈေး ကွက်အကုန်စုံတယ်။ အာဖရိကဆို လည်း အာဖရိကအနောက်ရယ် အရှေ့ရယ်ပေါ့။ အဓိကဈေးကွက် တွေ အာဖရိကမှာအကုန်စုံတယ်။ အဲ့ဒီလိုပဲ ဥရောပမှာဆိုလည်းအကုန် စုံတယ်။ အဲ့ဒီအပြင် အာဆီယံ အတွင်းဆိုလည်း မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားပေါ့ အဲ့ဒီကို သွားတယ်။ အဲ့ဒီအပြင် တရုတ်ဈေး ကွက်ကိုလည်းသွားတယ်။ ဆန် ကတော့ ပင်လယ်ရေကြောင်းက နေ ပို့တာတော့ တကယ့်ဆန်လို နေတဲ့ ဆန်တင်သွင်းတဲ့ နိုင်ငံ တော်တော်များများကို ကျွန်တော် တို့ ဈေးကွက်က ခြုံငုံမိနေတဲ့ သဘောတော့ရှိပါတယ်။
မေး။ ဘယ်လိုဆန်မျိုးတွေ အဝယ်
များလဲ ဆန်ကြမ်းလား ဆန်ချောလားဆရာ။
ဖြေ။ ကျွန်တော်တို့ဆီမှာတော့ ပေါ်ဆန်းမွှေးတို့ ဘာတို့ကိုတော့ ကျွန်တော်တို့က ဆန်ချော ခေါ် တာပေါ့။ ကျန်တဲ့ ကျန်တဲ့ဟာ တော့ ဧည့်မထ၊ အဖြူရောင်ဆန် ဆိုတော့ ပြည်တွင်းတွင် အစား နည်းတဲ့ဆန်ပေါ့နော်။ ပြည်တွင်း တွင်အစားနည်းတဲ့ဆန်ကိုပဲ အဓိက တင်ပို့တာ များတာပေါ့နော်။ ကျွန် တော်တို့ နိုင်ငံမှာလည်း အဓိက ကတော့ တချို့လည်း ဆန်ကြမ်း စားတာရှိပါတယ်။ အဓိကကတော့ ပြည်တွင်းဈေးကွက်နဲ့ ပြည်တွင်း စားသုံးမှုနဲ့မကိုက်ညီတဲ့ ဆန်တွေကို အဓိကတင်ပို့တာများတယ်ပေါ့။