images
UN
UN
၂ဝ၂ဝမိုးစပါးစိုက်ပျိုးကာလ ဧကနှစ်သိန်းကန်ထရိုက်လယ်ယာစနစ်ကို တိုင်းဒေသကြီးသုံးခုတွင် အဓိကထားချုပ်ဆိုလုပ်ကိုင်ရန်မျှော်မှန်းထား
သုခ Sunday, 21 June 2020

၂ဝ၂ဝမိုးစပါးစိုက်ပျိုးကာလတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကထား၍စိုက်ပျိုးမြေဧကနှစ်သိန်း အထိ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ချုပ် ဆိုဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
''တိုင်းသုံးတိုင်းကိုအဓိကထား ပြီးတော့ မန္တလေးတိုင်း၊ မကွေးတိုင်းစ တဲ့တချို့နေရာတွေမှာလည်း နည်းနည်း စီပေါ့။ ဧကနှစ်သိန်း စိုက်ဖို့မျှော်မှန်းထား တဲ့အချိန်မှာ အခုချိန်အထိတော့ ဧက ၁၁၇၄ဝဝ ပေါ့။ ခုထိစာချုပ်ချုပ်ပြီး မြို့ နယ်မှာရှိတဲ့ တောင်သူတွေနဲ့ချိတ်ဆက် ဆောင်ရွက်နေတယ်။ ဒါကတော့ အဓိက လာမယ့် မိုးတွင်းကာလမှာ တောင်သူတွေ အနေနဲ့ စပါးဈေးနှုန်းကျဆင်းတဲ့ပြဿနာ နဲ့ရင်ဆိုင်မှုမရှိအောင် ကန်ထရိုက်လုပ်ငန်း တွေကိုလည်း ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်ဆောင်ပေးခဲ့ပါတယ်''ဟု ဦးအောင် သန်းဦးက ပြောသည်။
အဆိုပါ ၂ဝ၂ဝပြည့်နှစ်မိုးစပါး စိုက် ပျိုးကာလတွင် ကန်ထရိုက်လယ်ယာစနစ် ဖြင့် ချုပ်ဆိုလုပ်ကိုင် ခြင်းကိုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ လယ်ယာစိုက်ပျိုး ရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီး ဌာနနှင့် ညှိနှိုင်းကာဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
''မိုးစပါးကာလမှာ ရေလိုအပ်ချက် တွေမဖြစ်အောင်လိုအပ်ချက်တွေကိုလည်း အစိုးရကိုတင်ပြတယ်။ အဓိကတောင် သူတွေအနေနဲ့လည်း ရေထိန်းသိမ်းတဲ့လုပ် ငန်းတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ လိုတယ်။ လမ်းဘေးဝဲယာမှာရှိတဲ့ မြောင်း တွေပိတ်ဆို့ပြီးတော့မှ ရေ တားတမံလေးတွေနဲ့ရေကြိုတားပြီး တော့ အကယ်၍မိုးလယ်၊မိုးနှောင်း မိုးပြတ်တဲ့ အချိန်မှာ ရေတွေကို သက်ဆိုင်ရာနီးတဲ့ မြောင်းတွေ၊ ချောင်းတွေကနေရေရရှိရေး လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်ဆောင် ရွက်ဖို့လိုပါတယ်''ဟု၎င်းကထပ်မံပြော ခဲ့သည်။
၎င်းအပြင် COVID-19 ကာလ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ မှလည်းပြန်လည်ရောက်ရှိချိန် အလုပ် လက်မဲ့ အဖြစ်မခံဘဲပြည်တွင်းမှာရှိ သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တွင်ပြည်ပမှရရှိ လာသောအတွေ့အကြုံ နည်း ပညာများကို အသုံးချ၍စိုက်ပျိုး ရေး၊မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရန် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလို ကြောင်း¤င်းကထပ်မံပြောကြားခဲ့သည်။