images
UN
UN
တာဝန်ကျေလိုသောမီဒီယာသမားများ ရင်ဆိုင်နေရသည့်စိုးရိမ်ဖွယ်အခြေအနေများ
ပြည့်ဖြိုးနိုင် Sunday, 14 June 2020

(ယမန်နေ့မှအဆက်)
မြန်မာနိုင်ငံအတွင်းရှိ ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုအခြေအနေကို လေ့ လာကြည့်မည်ဆိုပါက ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များသည် တိုက်ပွဲများဆက် လက်ဖြစ်ပွားနေသည့်ဒေသများဖြစ်သည် ဟု တွေ့ရှိရမည်ဖြစ်သည်။ အောင်မာန် ဦးသည် ရခိုင်ပြည်နယ်အတွင်းရှိ ဆွေနီး မျိုးစပ်တော်သူတစ်ဦးအား အင်တာဗျူး ပြုလုပ်ကာ မေးမြန်းပြီးနောက် ရေးသား ဖော်ပြခဲ့ခြင်းကြောင့်မတရားအသင်းဆက် သွယ်မှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကာ ထောင်ဒဏ်သုံးနှစ်အထိ ကျခံရမည်ဖြစ် သည်။
လက်ရှိအချိန်၌ ရခိုင်ပြည်နယ်သည် ထိလွယ်ရှလွယ်အခြေအနေများစွာရှိနေသည့် ဒေသတစ်ခုဖြစ်သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။ လက်ရှိအချိန်တွင် ရခိုင်ပြည် နယ်၌AA လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့်တပ်မတော်ကြား တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ တပ်မတော်အစိုးရလက်ထက်တွင်ဂျာနယ် လစ်တစ်ဦးအဖြစ် အောင်မြင်စွာ ဖြတ် ကျော်နိုင်ခဲ့သူတစ်ဦးက လက်ရှိအချိန်တွင် သတင်းရေးသားဖော်ပြမှုများ ပြုလုပ်ရာ ၌ ကလောင်အမည်နှင့်ပတ်သတ်၍ အာမ ခံနိုင်ခြင်း ရှိ မရှိ စဉ်းစားခြင်း၊ လုံခြုံ စိတ်ချရသည့်နေစရာ ရှိခြင်း၊ သက်သေ အထောက်အထားများ ထိန်းသိမ်းခြင်း စသည်များ မလိုအပ်ဘဲ သတင်းပေးပို့ နိုင်သည့်အခြေအနေရောက်ရှိစေရန် မျှော် လင့်ကြောင်း၊ အချို့သော ဂျာနယ်လစ် များအနေဖြင့် လုံခြုံစိတ်ချရမှု အရှိဆုံး လမ်းကြောင်းမျိုးကို ရွေးချယ်လုပ်ဆောင် လျက်ရှိကြောင်း ပြောသည်။ အောင်မာန် ဦးက ၄င်း၏သတင်းဌာနတွင်တာဝန် ထမ်းဆောင်နေသောဂျာနယ်လစ်များအနေ ဖြင့် Facebookတွင် တိုက်ရိုက်တင် ဆက်ခြင်းမျိုး ပြုလုပ်လျက်ရှိကာ ဒေသ အသီးသီးတွင် သတင်းများပေးပို့ရန် သို့ မဟုတ် ရေးသားရန် စိတ်ဝင်စားသူများ ၏အားကို ရယူကာ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဖြစ်ပွားနေသည့်ဖြစ်စဉ် များ၏သတင်းဓါတ်ပုံများ ရရှိအောင် ကြိုးပမ်းလျက်ရှိကြောင်းပြောသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ထိပ်တန်း တာဝန်ရှိသူတစ်ဦးဖြစ်သည့်အပြင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေလျက်ရှိ သောဂျာနယ်တစ်စောင်အား ကြီးကြပ်နေ သည့်မုံရွာအောင်ရှင်က မီဒီယာ လွတ် လပ်ခွင့် လျော့ကျသွားခြင်း မရှိသော် လည်း သတင်းတင်ဆက်ရေးသားမှုများ ပြုလုပ်ရာတွင် အကန့်အသတ်များ ရှိလာ ကြောင်း ပြောသည်။ မုံရွာအောင်ရှင်က မှန်မှန်ကန်ကန်လုပ်ဆောင်သူများအနေဖြင့် ဂျာနယ်လစ်များ၏သဘောကို နားလည် ရန် လိုအပ်မည်ဖြစ်သည့်အပြင် တာဝန်ရှိ သူများဘက်မှလည်း ဂျာနယ်လစ်များ အား တရားစွဲဆိုအရေးယူမှုများ မပြုလုပ် မီ လက်နက်ကိုင်အဖွဲ့များနှင့်မည်သည့် အကြောင်းအရင်းကြောင့် ဆက်သွယ်ခြင်း ဖြစ်သည်ဆိုသောအချက်အားသုံးသပ်သင့် သည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံထဲတွင် ဆယ်စုနှစ်တစ်ခု ခန့် နေထိုင်ခဲ့ရသည့်ဧရာဝတီသတင်းဌာန မှ Lawi Weng က မီဒီယာသမားများ အနေဖြင့် ကြောက်ရွံခြင်း၊ ပြည်နှင်ဒဏ် ရင်ဆိုင်ရနိုင်ခြင်းစသည်များအတွက် စိုး ရိမ်စရာမလိုဘဲ သတင်းနှင့်ဆောင်းပါး များအား သမာသမတ်ကျစွာ ရေးသား ခွင့်ရှိသည့်အခြေအနေမျိုး လိုအပ်သည် ဟု ပြောသည်။ ၄င်းသည် ၂ဝ၁၃ ခုနှစ် အတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိလာခဲ့သူဖြစ်သည်။
၎င်းက 'ကျွန်တော် တို့ရှေ့မှာ ဖြစ်ပွားနေတဲ့ဖြစ်စဉ်တွေရှိနေ ပါတယ်။ ဒါပေမဲ့ မြင်တွေ့နေရတဲ့ အကြောင်းအရာတိုင်းကို ကျွန်တော်တို့ သတင်းရေးသားတင်ဆက်ခွင့် မရှိပါဘူး' ဟု ပြောသည်။ ကမ္ဘာ့မီဒီယာလွတ်လပ် ခွင့်ဆိုင်ရာညွှန်ကိန်းတွင် အောက်ဆုံးနား ရောက်နေခဲ့သည်မြန်မာနိုင်ငံသည် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်ကြားကာလတွင် အဆင့် ၂ဝ ခန့် မြင့်တက်လာခဲ့သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်ခေါင်းဆောင် သောအစိုးရလက်ထက်တွင် မီဒီယာလွတ် လပ်ခွင့်ဆိုင်ရာညွှန်ကိန်း မြင့်တက်လာခဲ့ ခြင်း ဖြစ်သည်။ သို့သော် ၂ဝ၁၆ ခုနှစ် နောက်ပိုင်းတွင် မီဒီယာလွတ်လပ်ခွင့်ဆိုင် ရာညွှန်းကိန်းသည် အဆင့်ဆက်လက်မြင့် တက်ခြင်း မရှိဘဲ လက်ရှိအချိန်တွင် နိုင်ငံ ပေါင်း ၁၈ဝ ပါဝင်ရာတွင် အဆင့်၁၄၉ နေရာသို့ ရောက်ရှိလျက်ရှိသည်။ ပြန် ကြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးအောင်လှထွန်းက 'ကျွန်တော့်အမြင် အရ ပြောရမယ်ဆိုရင် မီဒီယာလွတ်လပ် ခွင့်ဆိုတာဟာ အဖွဲ့အစည်းတစ်ခုခု ဒါမှ မဟုတ် အခြားတစ်ယောက်ယောက်က အဆင့်သတ်မှတ်ပေးတာထက်လက်တွေ့ မြေပြင်ထဲမှာ ကျင်လည်နေတဲ့မီဒီယာ သမားတွေဘက်က ဘယ်လိုခံစားချက်ရှိ လဲဆိုတာက ပိုအရေးကြီးတယ်လို့ ယုံ ကြည်ပါတယ်'ဟု ပြောသည်။ မတရား အသင်းသို့မဟုတ်အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာခံထားရသည့်အဖွဲ့များနှင့် ဆက်သွယ်ခဲ့ခြင်းကြောင့် အရေးယူခံရ သည့်မီဒီယာသမား လေးဦးထက်မနည်း ရှိနေပြီဖြစ်သည်။ AAအကြမ်းဖက်လက် နက်ကိုင်သောင်းကျန်းသူအဖွဲ့၏ပြောရေး ဆိုခွင့်ရှိသူအား ဆက်သွယ်မေးမြန်းခဲ့ခြင်း ကြောင့် အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့် ခံခဲ့ရသောVoice of Myanmar သတင်း ဌာနတည်ထောင်သူကိုနေမျိုးလင်းသည် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၁ဝ ရက် ခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာ ခဲ့သည်။ ကိုနေမျိုးလင်းက 'ဂျာနယ်လစ် တစ်ဦးလည်းဖြစ်တဲ့ကျွန်တော့်ဇနီးကိုယ် တိုင်က ကျွန်တော်လုပ်နေတာတွေရပ်သင့် ပြီလို့ တွေးနေခဲ့ပါပြီ။ အန္တရာယ်တွေ ပိုမို ကြီးမားလာသလို ကျွန်တော်တို့လုပ်ငန်း အတွက် ပိုကောင်းတဲ့အရာတွေရောက်မ လာပါဘူး'ဟု ပြောသည်။
(Ref; Refusing to be silenced, some Myanmar journalists work from shadows By Reuters)