images
UN
UN
ရပ်ကွက် လမ်းသွယ်တွင် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခြင်းအားတားမြစ်ပေးစေလို
ဒေသခံတစ်ဦး Sunday, 14 June 2020
ကချင်ပြည်နယ် ဟိုပင်မြို့ရပ် ကွက်တွင်းရှိ လမ်းသွယ်တွင်ကုန် တင်ယာဉ်ကြီးများဖြတ်သန်းမောင် နှင်နေမှုအား သက်ဆိုင်ရာတာဝန် ရှိသူများက တားမြစ်ပေးပါရန်လို လားလျက်ရှိကြောင်း ဒေသခံ ပြည်သူများထံမှသိရသည်။
''အခုဖြစ်တာက ဟိုပင်မြို့ မြို့မမြောက်နယ်မြေ(၁)အောင်နန်း ရပ်ကွက်ထဲကအောင်ရတနာလမ်း သွယ်မှာဖြစ်တာပါ။ လမ်းက အကျယ်ပေ ၂ဝ ပဲရှိတာ။ဝင်တဲ့ ကားတွေကသစ်တင်၊ ဆန်တင်၊ စက်သုံးဆီတင်ထားတဲ့ ၁၂ ဘီး ကားတွေအပြင်တွဲကားကြီးတွေဆို တော့လမ်းလည်းပျက်စီး၊ ဒေသခံ ပြည်သူတွေအတွက်ယာဉ်အန္တရာယ် လည်းစိုးရိမ်ရပါတယ်''ဟုဒေသခံ ပြည်သူတစ်ဦးကပြောကြားသည်။
အဆိုပါမော်တော်ယာဉ်ကြီး များရပ်ကွက်အတွင်းရှိလမ်းသွယ် များအတွင်း ဝင်ရောက်သည့် အကြောင်းအရာဖြင့် ယာဉ်မောင်း များလိုက်နာရန် မတ် ၄ ရက်က မြို့စည်ပင်သာယာရေးအဖွဲ့မှမောင်း နှင်ဖြတ်သန်းခြင်းမပြုရန်တားမြစ် ပေးထားသော်လည်း ယခုအခါ ပြန်လည်မောင်းနှင်ခြင်းများဖြစ် ပေါ်လာ၍သက်ဆိုင်ရာမှတားမြစ် ပေးနိုင်ပါရန်ဒေသခံများက လို လားနေကြောင်း သိရသည်။