images
UN
UN
ကျွန်းလှမြို့နှင့်ကြာတကန်ကျေးရွာကြားရှိကြာတကန်ချောင်းတွင် ချောင်းကူးတံတားမရှိ၍ ဒေသခံပြည်သူအများ အခက်တွေ့နေ
ဒေသခံတစ်ဦး Saturday, 13 June 2020
စစ်ကိုင်းတိုင်းဒေသကြီးကျွန်းလှ မြို့နယ် ကျွန်းလှမြို့နှင့်ကြာတကန် ကျေးရွာသို့ ဆက်သွယ်ထားသည့် ရွာချင်းဆက်လမ်းတွင်ကြာတကန် ချောင်း ချောင်းကူးတံတားမရှိ သဖြင့် မိုးရာသီကာလ၌ ဒေသခံ ပြည်သူများ သွားလာမှုအခက်အခဲ များနှင့် ကြုံတွေ့နေရသည်ဟု ယခုလ ၁၁ ရက်က သိရသည်။
ကျွန်းလှမြို့နှင့် ကြာတကန် ကျေးရွာကြားရှိကြာတကန်ချောင်း အတွင်း ရေများစီးဆင်းလျက်ရှိ ရာ မိုးရာသီကာလ၌ တောင်ကျ ရေများပါ ရောနှောစီးဆင်းနေ သဖြင့် ကြာတကန်ချောင်း ချောင်း ကူးတံတားမရှိသဖြင့် အခက်အခဲ များဖြင့် ကြုံတွေ့နေရပါသည်။
ကျွန်းလှမြို့နယ် ကျွန်းလှမြို့ နှင့် ကြာတကန်ကျေးရွာကြားရှိ ကြာတကန်ချောင်းတစ်ဖက်ကမ်း တွင်ရှိသည့် ကြာတကန်ကျေးရွာ ထန်းပင်ကုန်းကျေးရွာနှင် အခြား ကျေးရွာများသည် ပြောင်းမြေပဲ ပဲစင်းငုံ စသည်တို့ကို အဓိကထား ကာ သီးနှံစုံအထွက်ကောင်းသည့် ကျေးရွာများဖြစ်ကာ ကြာတကန် နှင့်ထန်းပင်ကုန်းကျေးရွာလမ်း များသည် လမ်းပန်းဆက်သွယ် ရေးမှာ ကျောက်ကြမ်းလမ်းဖြစ်ပြီး ကျွန်းလှမြို့နှင့် ကြာတကန်ကျေး ရွာကြားရှိ ကြာတကန်ချောင်းကူး တံတားမှာ ဒေသခံပြည်သူများ အတွက် မဖြစ်မနေလိုအပ်လျက် ရှိကြောင်းကိုလည်း သိရသည်။