images
UN
UN
နတ်မောက်မြို့တွင် စည်းကမ်းမဲ့ အရှိန်ပြင်းစွာ မောင်းနှင်လာသည့်မော်တော်ယာဉ်ကြီးများကို တားဆီးပေးစေလို
(ဒေသခံတစ်ဦး) Thursday, 11 June 2020
မကွေးတိုင်းဒေသကြီး နတ် မောက်မြို့တွင် နတ်မောက်-ပျော် ဘွယ်လမ်း၊ နတ်မောက်-တောင် တွင်းကြီးလမ်းနှင့်နတ်မောက်-မကွေးလမ်းများသို့ စည်းကမ်းမဲ့ အရှိန်ပြင်းစွာမောင်းနှင်လာသည့် မော်တော်ယာဉ်ကြီးများအား သက်ဆိုင်ရာမှတားဆီးပေးစေလို ပါသည်။
နတ်မောက်မြို့လယ်ကောင် လမ်းမကြီးတွင်ကျောက်ကားကြီး များ၊ ကုန်ပစ္စည်းတင်ကားကြီး များ၊ စက်သုံးဆီဘောက်ဆာကား ကြီးများမှာ နေ့ညအချိန်မရွေး မောင်းနှင်သွားလာလျက်ရှိကာမြို့ တွင်းရှိစက်ဘီးစီးသူများ၊ခြေကျင် သွားရသည့်လူကြီးလူငယ်များအား မတော်တဆတိုက်မိမှုမဖြစ်ပွားစေ ရေးနှင့်ယာဉ်များအရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် နေအိမ်များ တုန်ခါမှုဖြစ်ပွားလျက်ရှိခြင်းတို့ ကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်စိတ်များဖြစ်ပေါ်လျက်ရှိကာ ယာဉ်များ အရှိန်ပြင်းစွာမောင်းနှင် သွားလာနေသည်ကို သက်ဆိုင်ရာ မှ စိစစ်ကြီးကြပ်တားဆီးပေးစေ လိုကြောင်း သိရသည်။