images
UN
UN
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်
Wednesday, 10 June 2020
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် မုတ်သုံလေအားကောင်းလျက် ရှိကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ ယနေ့မွန်းလွဲပိုင်းသတင်းထုတ် ပြန်ချက်အရ သိရသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ နေ ပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုး ကြီးနိုင်ပြီး ရွာရန် ရာနှုန်း ၈ဝ ဖြစ် ကြောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်း ကြီးနိုင်ကာ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေ ပြင်လေသည် တစ်နာရီလျှင် ၃၅မိုင်အထိ တိုက် ခတ်နိုင်၍ လှိုင်း အမြင့်မှာ ရှစ်ပေမှ ၁ဝပေခန့်ထိ ရောက်ရှိနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရ သည်။
နောက်နှစ်ရက်အတွက်ခန့်မှန်း ချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုလာနိုင် ပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန် နံနက်အထိခန့်မှန်းချက်မှာ နေရာ ကွက်ကျားမိုးထစ်ချုန်းရွာကာ ရွာရန်ရာနှုန်းပြည့်ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့နှင့်အနီး တစ်ဝိုက် အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာမိုးတစ်ကြိမ်၊ နှစ် ကြိမ်ထစ်ချုန်းရွာကာ ရွာရန်ရာ နှုန်းပြည့်ဖြစ်ကြောင်း သိရသည်။