images
UN
UN
ညောင်ဦးမြို့နယ် ပနီတွင်း ကျေးရွာရှိ သောက်သုံးရေ အခက်ကြုံနေသည့် ဒေသခံပြည်သူများအား သောက်သုံးရေဖူလုံစေရေး သွားရောက်လှူဒါန်း
ရဲဝင်းနိုင် (ညောင်ဦး) Thursday, 04 February 2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပနီတွင်းကျေးရွာ တွင် ဒေသခံကျေးလက်နေ ပြည်သူ များသောက်သုံးရေ အခက်ကြုံတွေ့ နေရကြောင်းသိရ၍ ယနေ့ နံနက် ပိုင်းက ညောင်ဦးမြို့နယ် တောင် ဇင်းနယ်မြေ မီးသတ်စခန်းမှ မီး သတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပွင့်လင်းရာသီ ရောက်ရှိလာ ချိန်တွင် ညောင်ဦးမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် မြေသားမိုးရေလှောင်ကန်များတွင် မိုးရေဝင်ရောက်မှု လျော့နည်းခဲ့ သည့်အတွက် ဒေသခံပြည်သူများ ဆောလျင်စွာ သောက်သုံးရေရှား ပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက သောက်သုံးရေ အခက်ကြုံနေသည့် ညောင်ဦးမြို့နယ် ပနီတွင်းကျေးရွာ ရှိ ကျေးလက်နေပြည်သူများ သောက် သုံးရေဖူလုံစေရေးအတွက်ညောင်ဦး မြို့နယ် တောင်ဇင်းနယ်မြေ မီးသတ် စခန်းမှ တပ်ကြပ်ကြီး သိန်းကျော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် များက မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၏ လမ်းညွှန်မှုဖြင့် သောက်သုံးရေ ဂါလန် ၁၆ဝဝ အား စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ ရာ သောက်သုံးရေအခက်အခဲ ဖြစ်နေချိန်တွင် သောက်သုံးရေလာ ရောက်လှူဒါန်းပေးသည့်အတွက် ဒေသခံပြည်သူများ ဝမ်းသာပျော် ရွှင်လျက်ရှိနေကြကြောင်း ညောင် ဦးမြို့နယ် တောင်ဇင်းနယ်မြေ မီး သတ်စခန်းမှ တပ်ကြပ်ကြီး သိန်း ကျော်ထံက သိရသည်။