images
UN
UN
ဗန်းမောက် မံစီကြီးတွင် ဘိန်းဖြူဆပ်ပြာခွက် ၂၂ ခွက် ဖမ်းမိ
ရဲရင့်(ကသာ) Thursday, 17 September 2020
ကသာခရိုင် ဗန်းမောက်မြို့နယ် မံစီကြီးဒေသတွင် ဘိန်းဖြူဆပ်ပြာခွက် ၂၂ ခွက် ဖမ်းမိခဲ့သည်။
ဖြစ်စဉ်မှာ ဗန်းမောက်မြို့မရဲစခန်းမှ ရဲအုပ်တင်မင်းလှိုင်၊ လိပ်စောရဲကင်းမှူး ဒုရဲအုပ်မျိုးခိုင်နှင့်အဖွဲ့တို့သည် ယမန်နေ့က သက်သေများနှင့်အတူ ရဲစခန်းအနောက် တောင်ဘက် မိုင် ၄ဝ ခန့်အကွာ ကနန်းဒေသ ရွှေကျောင်းကျေးရွာ တောင်ဘက် နှစ်မိုင်ခန့်အကွာ တောထဲရှိလယ်တဲသို့ မူးယစ်ဆေးဝါးသတင်းအရ အိမ်ရှာဖွေခွင့် ဝရမ်းအမှတ် (၈၇/၂ဝ)ဖြင့် ရှာဖွေရာ အောင်ရွှေအား လယ်တဲ၌တွေ့ရပြီး လယ်တဲ ဝါးထရံအနီး အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသော ဘိန်းဖြူဟုယူဆရ သော ဖြူဝါရောင်အမှုန့် ၁ဝ ဂရမ် ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၁၆ ခွက် စုစုပေါင်း အလေးချိန် ၁၆ဝ ဂရမ် ကာလတန်ဖိုးကျပ် ၁၆ဝဝဝဝဝဝ ခန့်အား ရှာဖွေ တွေ့ရှိသဖြင့် အရေးယူ ပေးပါရန် ရဲအုပ်တင် မင်းလှိုင်က တရားလိုပြု တိုင်တန်းသောကြောင့် ဗန်းမောက်မြို့မရဲစခန်းမှ တရားခံအောင်ရွှေ(၄၈နှစ်) ရွှေကျောင်းရွာ ဗန်းမောက် မြို့နယ်နေသူအား မယ (ပ)၈၆/၂ဝ မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။