images
UN
UN
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေးမည့်ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များရွှေ့ဆိုင်း
မောင်စိန်ဝင်း Saturday, 12 September 2020
အသက်ရှူလမ်းကြောင်းဆိုင် ရာ ကူးစက်ရောဂါ COVID-19 တားဆီးကာကွယ်ရေး အစီအမံ များနှင့် ကန့်သတ်ချက်များကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည့် မြန်မာနိုင်ငံ သားများနှင့် မိသားစုများအတွက် All Nippon Airways (ANA) နှင့် ညှိနှိုင်း၍တိုကျိုမြို့ရှိ မြန်မာ သံရုံးမှ ကယ်ဆယ်ရေးလေယာဉ် များအား စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယခုအခါမူလစီစဉ်ထား သည့်ကယ်ဆယ်ရေးလေယာဉ်ခရီး စဉ်များအားရွှေ့ဆိုင်းလိုက်သော ကြောင့် လေယာဉ်များ မူလပျံ သန်းမည့်နေ့ရက်အစား ပျံသန်း ရက်ပြောင်းလဲကာပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါကူးစက် ပြန့်ပွားမှု တားဆီးထိန်းချုပ်ရန် ချမှတ်ထားသည့်ပြည်ပမှ ကယ် ဆယ်ရေးအထူးလေယာဉ်ဝင်ရောက် မှုဆိုင်ရာ ညွှန်ကြားချက်များအရ ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ယခုလ ၁၇ ရက်တွင် ပျံသန်း ပြေးဆွဲမည့်ခရီးစဉ်အစား အောက် တိုဘာ ၁ ရက်တွင်လည်းကောင်း၊ ယခုလ ၂၆ ရက်တွင်ပျံသန်း ပြေး ဆွဲမည့်ခရီးစဉ်အစား အောက်တို ဘာ ၇ ရက်တွင်လည်းကောင်း အသီးသီးပြောင်းလဲပျံသန်းပြေးဆွဲ ပေးမည်ဖြစ်ရာ ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ဖြင့်လိုက်ပါကြမည့် မြန်မာနိုင်ငံသားများနှင့်မိသားစုများ စာရင်းအား မြန်မာသံရုံးအနေဖြင့် ပြန်လည်စိစစ်လျက်ရှိကြောင်းနှင့် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ် ကြောင်း တိုကျိုမြို့ရှိမြန်မာ သံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးအပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၌ အသက်ရှူလမ်း ကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါပြန့်ပွားမှုနှင့် ပြည်တွင်းကူးစက်မှုပိုမိုမြင့်တက် လာခြင်းကြောင့် အသွားအလာ ကန့်သတ်ခြင်း၊ မြို့နယ်များတွင် နေအိမ်အတွင်းနေထိုင်စေခြင်း(Stay at Home) နှင့် ကျန်းမာရေး ကိစ္စနှင့်အရေးကြီးကိစ္စမှလွဲ၍ ခရီး သွားလာခြင်းမပြုရန် အသိပေးနှိုး ဆော်ဆောင်ရွက်လျက်ရှိပြီးကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အမိန့်နှင့် ညွှန် ကြားချက်များအား တိကျစွာလိုက် နာဆောင်ရွက်ကြရန်လည်း တိုက် တွန်းဆောင်ရွက်လျက်ရှိသည်။
တိုကျိုမြို့ရှိမြန်မာသံရုံးမှ ဂျပန် နိုင်ငံရောက် မြန်မာနိုင်ငံသားများ အား မေ၂ရက်တွင် ပထမအကြိမ် အဖြစ် ၁၉၅ ဦး၊ ဇွန် ၂၆ရက်တွင် ဒုတိယအကြိမ်အဖြစ်၁၇၉ဦး၊ သြဂုတ်၁ရက်တွင်တတိယအကြိမ် အဖြစ်၁၇၄ဦး၊ သြဂုတ် ၆ရက်တွင် စတုတ္ထ အကြိမ်အဖြစ် ၁၆၉ဦး၊ သြဂုတ်၂၇ရက်တွင် ပဉ္စမအကြိမ် အဖြစ် ၁၅၅ ဦး၊ စက်တင်ဘာ ၃ ရက်တွင် ဆဋ္ဌမအကြိမ်အဖြစ် ၁၄၃ ဦးနှင့် စက်တင်ဘာ ၁ဝရက်တွင် သတ္တမအကြိမ်အဖြစ် ၁၃၃ဦးတို့ ဖြင့်မြန်မာနိုင်ငံသို့ခုနစ်ကြိမ်တိုင်တိုင် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးသတင်း ထုတ်ပြန်ချက်အရ သိရသည်။