images
UN
UN
ဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာသော်လည်း ကန့်သတ်မှုများ ပြန်လည်ချမှတ်ရန်ခက်ခဲနေ
NG (Ref; RT) Saturday, 12 September 2020
ဥရောပနိုင်ငံများတွင် ယခုလဆန်းပိုင်းမှစတင်ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများ ပြန်လည်မြင့်တက်လာခဲ့သော်လည်း သွားလာ ခွင့် ကန့်သတ်ခြင်းအပါအဝင် ကန့်သတ်တားမြစ်ချက်များ ပြန်လည် ချမှတ်ရန် ခက်ခဲလျက်ရှိကြောင်းရုရှားတိုင်းမ်သတင်းဌာနကဖော်ပြသည်။
ဥရောပနိုင်ငံများထဲတွင် အတင်းကျပ်ဆုံးကန့်သတ်ချက်များ ချမှတ် ခဲ့သည့်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရသောစပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟုအတည်ပြုနိုင်သူဦးရေ မြင့်တက်လျက်ရှိသော်လည်း ကန့်သတ်ချက်များ ပြန်လည်ချမှတ်ပါက အရှိန်ပြန်ရစပြုနေသောစီးပွား ရေးအဆောက်အအုံအား ထိခိုက်မည့်အလားအလာများ ဖြစ်ပေါ်လျက်ရှိ သည်။ ပြင်သစ်နှင့်ဗြိတိန်တို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်လျက်ရှိကာ ထိန်းချုပ်ရန်အတွက် တားမြစ်ကန့်သတ် ချက်များ ပြန်လည်ချမှတ်ရန်သင့်မသင့်ကို အစိုးရပိုင်းမှ စောင့်ကြည့် လျက်ရှိသည်။ ဥရောပနိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပေါ်ထွက်လာရေးကို အလေးပေးဆောင်ရွက်လျက်ရှိကာ ကာကွယ်ဆေး ရရှိရန် အနီးစပ်ဆုံးအခြေအနေကို ပိုင်ဆိုင်လာပါက တားမြစ်ကန့်သတ်ချက် များ ချမှတ်ဖွယ်မရှိဆိုသော သုံးသပ်ချက်များလည်း ရှိနေသည်။