images
UN
UN
ရွှေဘိုမြို့နယ်တွင် ဆိုင်ကယ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းကျော်ဖိုး သယ်ဆောင်လာသူ အမျိုးသားတစ်ဦးဖမ်းဆီးရမိ
စံ(ခင်ဦး) Thursday, 10 September 2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်၌ ဆိုင်ကယ်ဖြင့် စိတ်ြ<ွက ရူးသွပ်ဆေးပြားများ ၁၄ သိန်း ကျော်ဖိုး သယ်ဆောင်လာသူအမျိုး သားတစ်ဦးဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်းနယ်ထိန်းတပ်ဖွဲ့ ဝင်များထံမှ သိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးမြင့်မောင်၏ တာဝန်ပေးမှုအရ ခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်း ဆောင် ရဲအုပ်ဇော်မြင့်၊ ဒုရဲအုပ် အောင်သန့်ဇော်၊ တပ်ကြပ်ကြီး သိန်းအောင်၊ တပ်ကြပ်သိန်းဇော် ထွန်း၊ တပ်သားရန်နိုင်ထွန်း၊ ရွှေဘို မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် တပ်သားကျော်သက်အောင်၊ တပ် သားအောင်မျိုးထက်တို့ပူးပေါင်း၍ သက်သေများနှင့်အတူ မူးယစ် ဆေးဝါးသတင်းအရ ရွှေဘို-ကျောက်မြောင်းကားလမ်းရှိ ရွှေဘို တက္ကသိုလ်အနီး ထနောင်းပင် အောက်တွင် အသင့်စောင့်ဆိုင်း နေစဉ် ကျောက်မြောင်းဘက်မှ နိုင်မြင့်(၅၁နှစ်)ချီပါတောင်ကျေးရွာ ရွှေဘိုမြို့နယ်နေသူမောင်းနှင်လာသော နံပါတ်မပါNEWZH INENG -110 အမျိုးအစား အစိမ်းရောင် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ် ဆေးရာ ဆိုင်ကယ်ခွကြားရှိ မျှစ် များထည့်ထားသော အိတ်အတွင်း မှအနက်ရောင်တိပ်များဖြင့် ပတ် ချည်ထားသော အဝါရောင်ကွမ်း ယာအိတ်နှင့် ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ကပ်ခွာအိပ်များအတွင်း မှ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆ ရသော ပန်းရောင်ဆေးပြား ၅ဝ အလေးချိန်ငါးဂရမ်ခန့်ပါတစ်ထုပ်၊ ၁၆၆ ပြား အလေးချိန် ၁၆ ဒသမ ၆ ဂရမ်ခန့် ပါတစ်ထုပ်၊ ၇၈ ပြား အလေးချိန် ၇ ဒသမ ၈ ဂရမ်ခန့် ပါတစ်ထုပ်၊ ဆေးပြားအခဲအကြေ အပိုင်းအစ လေးဂရမ်ခန့်ပါ တစ် ထုပ်၊ စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၁၄၉ဝဝဝဝ နှင့် ၄င်းဝတ် ဆင်ထားသောအင်္ကျီအိတ်ကပ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ပြားရောင်းဝယ်ရာတွင် အသုံးပြု သည့် HUAWEI Pro-2019 ဖုန်း တစ်လုံး၊ ငွေစက္ကူရောရာ ကျပ် ၅ဝဝဝ တို့အား တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်း ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြားများ လက် ဝယ်သယ်ဆောင်လာသူနိုင်မြင့် (၅၁ နှစ်)အား ခရိုင်မှုခင်းနှိမ်နင်း ရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် ဇော်မြင့်ကတရားလိုပြုလုပ်၍ ရွှေဘို မြို့မရဲစခန်းမှ မယ(ပ)၁၈/၂ဝ၂ဝ၊ မူး/စိတ်ပုဒ်မ-၁၉(က)/ ၂ဝ(က) ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူဆောင် ရွက်ထားကြောင်း သိရသည်။