images
UN
UN
ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မိုင်းထွန်း(ကျောက်မဲ) Thursday, 13 August 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ခွဲက စိတ်ြ<ွကရူး သွပ်ဆေးပြား၃၅၅၄ပြားနှင့် ဘိန်း ဖြူဟု ယူဆရသော ဖြူ/ဝါရောင် အမှုန့်အလေးချိန် ၃၄ ဒသမ ၅ ဂရမ်ခန့်နှင့် ပြစ်မှုကျူးလွန်သူ သုံး ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာကျောက်မဲမြို့ရပ်ကွက် ၂နယ်မြေ ၁၃ ဂန္ဓမာလမ်းအတွင်း ရှိ ဇော်ခင်(ခ)ဖိုးခင်(၄၆နှစ်)၏ နေ အိမ်တွင် မူးယစ်ဆေးဝါးများ သုံးစွဲ ရောင်းချနေကြောင်း သတင်းအရ နယ်ထိန်းအရာရှိ ဒုရဲအုပ်လှိုင်မင်း သန်းနှင့် အဖွဲ့တို့က သက်သေများ နှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဇော်ခင်(ခ)ဖိုးခင် ကိုင်ထားသော အနက်ရောင်ြ<ွကပ်ြ<ွကပ်အိတ်အတွင်း မှ wy စာတန်းပါလိမ္မော်ရောင် စိတ်ြ<ွကရူးသွပ်ဆေးပြား ၃၅၅၄ ပြား ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၃၄ ဒသမ ၅ ဂရမ်ခန့်နှင့် အိမ် အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာ တွင်အသုံးပြုသည့် ပစ္စည်းကိရိယာ များကို ဖမ်းဆီးရမိခဲ့သဖြင့် အိမ်ရှင် ဇော်ခင်(ခ)ဖိုးခင်(၄၆နှစ်)နှင့် အိမ် ရှင်နှင့် အတူ ရှိနေသည့် ရဲမင်း ထွန်း(ခ)ငပွား(၂၅နှစ်)ထွန်းထွန်းဦး (ခ)တောက်ထွန်း(၂၂နှစ်)ကျောက် မဲမြို့တွင် နေထိုင်သူတို့အား မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရ သည်။
အဆိုပါ ဇော်ခင်(ခ)ဖိုးခင်နှင့် ထွန်းထွန်းဦး(ခ) တောက်ထွန်း တို့သည့် ၂ဝ၂ဝ ပြည့်နှစ် ဧပြီလ ၁၇ ရက်က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာသူများ ဖြစ် ကြောင်း သိရသည်။