images
UN
UN
တရားရုံးတွင် အသရေဖျက်မှုနဲ့ ဦးတိုက်လျှောက်ထားခြင်းခံထားရတဲ့ အလှမယ်မိုးစက်ဝိုင်
ဒဂုံဝေလင်း Thursday, 13 August 2020

ဂုဏ်သိက္ခာကျဆင်းစေမှု အတွက် တရားရုံးမှာ ဦးတိုက် လျှောက်ထားခံလိုက်ရတဲ့ အလှ မယ် ''မိုးစက်ဝိုင်'' မိုးစက်ဝိုင် အနေနဲ့ အလှမယ် တစ်ယောက် ဖြစ်သလိုVe Ve အချိုရည်လုပ်ငန်း ကိုလည်း လုပ်ကိုင်နေသူဖြစ်ပြီး သီချင်းဗီဒီယိုများ၊ ကြော်ငြာများနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများကိုပါ ရိုက်ကူးထုတ်လွှင့်ခဲ့သူတစ်ဦး ဖြစ် ပါတယ်။
အလှမယ် မိုးစက်ဝိုင်ကို မေဟန်နီထွန်းဆိုသူ အမျိုးသမီးက အသရေဖျက်မှုနဲ့ တရားစွဲဆိုဖို့ အတွက် တရားရုံးမှာ ဦးတိုက် လျှောက်ထားလိုက်ပါတယ်။
အဆိုပါအမှုဖြစ်စဉ်ကိုတော့ ဗဟန်းမြို့နယ်တရားရုံးမှ သတင်း ပြန်ကြားရေးအရာရှိက မီဒီယာမှာ အခုလိုပဲ ဖြေကြားပေးခဲ့ပါတယ်။ အခုအမှုမှာ တရားလိုကတော့ မေဟန်နီထွန်း၊ စွပ်စွဲခံရသူက တော့ဒေါ်ဝေဝေခိုင်(ခေါ်) မိုးစက် ဝိုင်နဲ့ နောက်တစ်ယောက်ကတော့ ဒေါ်မျိုးမြတ်သန္တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို ဒေါ်မေဟန်နီ ထွန်းက သူတို့ကြောင့် ဂုဏ်သိက္ခာ တွေကျပါတယ်။ နစ်နာရပါတယ် ဆိုပြီးတော့ ဦးတိုက်လျှောက်ထား တဲ့အမှုဖြစ်တယ်။
ဦးတိုက်လျှောက်ထားတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမှုစစ် တရားသူကြီးကတော့ တွဲဖက် မြို့ နယ်တရားသူကြီး ဖြစ်ပါတယ်။ သူကနေပြီးတော့ ရာဇဝတ်ကြီး ပုဒ်မ ၂ဝဝ အရ စစ်ဆေးတယ်။ ရဲစခန်းကို ရာဇဝတ်ကြီး ပုဒ်မ ၂ဝ၂ ပုဒ်မခွဲ ၁ဝဝ စုံစမ်းစစ်ဆေး ဖို့ဆိုပြီးတော့ အစီရင်ခံစာတင်ပြ ခိုင်းထားတယ်။ အစီရင်ခံစာ ပြန် တင်ခိုင်းတဲ့နေ့ကတော့ သြဂုတ်လ ၂၅ရက်ဖြစ်ပါတယ်။ လောလော ဆယ်တော့ ကျွန်တော်က တစ်မှုပဲ သိရသေးတယ်။ အသရေဖျက်မှု မြောက်မမြောက်ကတော့ အခုကActionမှ မယူရသေးတာ။ ဗဟန်း မြို့မရဲစခန်းကနေ အစီရင်ခံစာ ပြန်တက်လာမယ်။ အစီရင်ခံစာ ပြန်တက်လာတဲ့အပေါ်မှာ အမှုစစ် တရားသူကြီးကAction ယူပြီးမှ အသရေဖျက်မှုမြောက်မမြောက်တို့ ဘာတို့ ဆုံးဖြတ်ရမှာ။ အခုလော လောဆယ်တာ့ မေဟန်နီထွန်းက ဦးတိုက်လျှောက်ထားလို့ ရဲစခန်း ကို အစီရင်ခံစာတင်ခိုင်းထားတဲ့ အဆင့်ပဲရှိပါသေးတယ်။ ရဲကနေ အစီရင်ခံစာတင်ပြီးရင် အဆိုပါ အစီရင်ခံစာအရ Actionယူလိုက်မှ သူတို့ကို ခေါ်မှာ။ Actionယူ စရာအကြောင်းမရှိရင် ခေါ်စရာ အကြောင်း မရှိဘူးဆိုကာ အမှု ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။