images
UN
UN
ငွေကျပ်သိန်း ၆ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဖြန့်ဖြူးရောင်းချသူဟုယူဆရသူ သုံးဦးကို ဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Tuesday, 30 June 2020
ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်အတွင်း ယမန်နေ့ ညပိုင်း က မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ နေကြောင်း မြစ်ကြီးနားမြို့မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ စု(၂)၏သတင်းရယူဖော်ထုတ်မှုဖြင့် ငွေကျပ်သိန်း ၆ဝကျော်တန်ဖိုးရှိမူး ယစ်ဆေးဝါးများနှင့်အတူ မူးယစ် ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးသူများ ဟုယူဆရသည့် ပါဝင်ပတ်သက် သူသုံးဦးအားဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် နယ်မြေရဲတပ် ဖွဲ့စခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၉ နာရီခွဲက မြစ်ကြီးနားမြို့မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့စု(၂)မှ ရဲအုပ်စိုးမင်းလတ်နှင့် တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် ပူး ပေါင်းကာ မြစ်ကြီးနားမြို့ မြေ မြင့်ရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် ရွှေလမ်းဆုံစားသောက်ဆိုင်အား ရှောင်တခင်ဝင်ရောက်စစ်ဆေးရှာ ဖွေရာ ဆိုင်အတွင်းစားပွဲတစ်လုံး တွင်ထိုင်နေသည့် ဒေါ်အေးငွေ (၄၁နှစ်)၊ မတင်နှင်းယု(ခ)မိထက် (၃ဝနှစ်)နှင့် ဦးဌေးဝင်း(၄ဝ)နှစ် တို့အား သတင်းအရရှာဖွေရာ ဒေါ်အေးငွေလွယ်ထားသည့် ဘေး လွယ်အိတ်အတွင်းမှ ဆပ်ပြာခွက် အတွင်းငွေကျပ် ၈ဝဝဝဝ တန်ဖိုးရှိ ဘိန်းဖြူမှုန့်အလေးချိန် ၁ဝ ဂရမ်နှင့် မူးယစ်ဆေးဝါးရောင်းရငွေဟုယူဆ ရသည့်မြန်မာငွေကျပ် ၁၃၅ဝဝဝ၊ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့် လျက် စိတ်ြ<ွကရူးသွပ်ဆေးပြား ၁၈ဝဝ၊ မတင်နှင်းယု (ခ)မိထက် ၏ ဝဲလက်အတွင်းဆုပ်ကိုင်ထား သည့် အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်အတွင်းမှစိတ်ကြွရူး သွပ် ဆေးပြား ၁၈ဝ တို့မှ ကာလ တန်ဖိုးငွေကျပ် ၅၉၄ဝဝဝဝ ရှိ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ဝ နှင့် လက်ကိုင်ဖုန်းများ၊ နိုင်ငံ သားစိစစ်ရေးကတ်တို့ရှာဖွေ သိမ်း ဆည်းရမိခဲ့သည်။
ဖြစ်စဉ်ကြောင့်မူးယစ်ဆေးဝါး များနှင့်အတူတွေ့ရှိသည့်ဒေါ်အေးငွေ (၄၁)နှစ်၊ မတင်နှင်းယု(ခ)မိထက် (၃ဝ)နှစ်နှင့်ဦးဌေးဝင်း(၄ဝ)နှစ်တို့ အား မေးမြန်းစစ်ဆေးရာမူးယစ် ဆေးဝါးများဖြန့်ဖြူးရောင်းချရန်စီ စဉ်ဆောင်ရွက်နေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ယမန်နေ့ နံနက်ပိုင်း က မြစ်ကြီးနားမြို့ နယ်မြေရဲတပ် ဖွဲ့စခန်းမှမယ(ပ)၈၆/၂ဝ၂ဝ၊ မူး/ စိတ်ပုဒ်မ၁၉(က)/၂ဝ/၂၁အရ အမှု ဖွင့်အရေးယူထားကြောင်းသိရသည်။