images
UN
UN
ကစားသမားများ၏ပြောင်းရွှေ့ကြေးကို အာရုံမစိုက်ဟု ဆက်တီရန်ဖွင့်ဟ
Sunday, 28 June 2020

ဘာစီလိုနာနည်းပြဆက်တီရန် က မိမိအနေဖြင့် ပွဲထွက်စာရင်းရွေး ချယ်ရာတွင် ကစားသမားများ၏ ပြောင်းရွှေ့ကြေးကို အာရုံစိုက်ခြင်း မရှိကြောင်း ပြောကြားလိုက်သည်။ ဘာစီလိုနာသည် ဆယ်လ်တာဗီဂို နှင့် ကစားခဲ့သောပွဲတွင် တိုက်စစ် မှူး ဂရစ်ဇ်မန်းအား ပွဲထွက်စာရင်း မှ ချန်လှပ်ခဲ့သည်။ ပြီးခဲ့သောနွေ ရာသီက အက်သလက်တီကို အသင်းမှ ယူရိုသန်း ၁၂ဝ ဖြင့် ရောက်ရှိလာခဲ့သော ဂရစ်ဇ်မန်း သည် ယခုရာသီတွင် ပွဲစဉ် ၄၂ ပွဲပါဝင်ကစားခဲ့ပြီး ၁၄ ဂိုးအထိ သွင်းယူပေးထားသူဖြစ်သည်။
''ပွဲထွက်လူစာရင်းနဲ့ပတ် သက်ပြီး စဉ်းစားတဲ့အခါ ကစား သမားတွေရဲ့တန်ဖိုးကို ကျွန်တော် ထည့်ပြီးစဉ်းစားတာမျိုးမရှိပါဘူး။ ပြီးခဲ့တဲ့ပွဲစဉ်တစ်ပွဲက လူစာရင်းကို ထပ်ပြီးအပြောင်းအလဲလုပ်ဖို့ အကောင်းဆုံးအခြေအနေကိုစဉ်းစား ရပါတယ်။ ပွဲစဉ်တိုင်းမှာ မပါတဲ့ ကစားသမားတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကတော့ အမြဲတမ်းရှိ နေမှာပါပဲ။ ကျွန်တော်ဆုံးဖြတ်တာ ကတော့ နည်းစနစ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကို ဦးစားပေးတာဖြစ်ပါတယ်''ဟု ပြောကြားသွားခဲ့သည်။
ဘာစီလိုနာအသင်းသည် ဆယ်လ်တာဗီဂိုနှင့် သရေကျခဲ့ခြင်း ကြောင့် ယခုရာသီတွင် ချန်ပီယံဆု ဆက်ထိန်းနိုင်ရန် အခက်အခဲရှိလာ သည်။ ပွဲအပြီးတွင် အသင်း၏အ ခြေအနေနှင့်ပတ်သက်၍ တိုက်စစ် မှူးဆွာရက်ဇ်အား မေးမြန်းခဲ့ရာ နည်းပြကိုသာ မေးပါဟု ဖြေကြား ခဲ့သည်။ Ref; Marca